အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

ရှဟီးဒ်ဖြစ်သူ၏ ဘာသာနှင့်သေဆုံးမှုဖြစ်စဉ်တွင် လွဲမှားစွာဖေါ်ပြရန် မသမာသူ သက်ဆိုင်ရာအချို့ကြံစည်နေ

ရှဟီးဒ်ဖြစ်သူ၏ ဘာသာနှင့်သေဆုံးမှုဖြစ်စဉ်တွင် လွဲမှားစွာဖေါ်ပြရန် မသမာသူ သက်ဆိုင်ရာအချို့ကြံစည်နေ

ကိုစိုးမင်း(ခ)နူးရ်မုဟမ္မဒ်၏ အလောင်းအားတွေ့ရသည့်နေရာ
ကိုစိုးမင်း (ခ) နူးရ်မုဟမ္မဒ်၏ အလောင်းအား တွေ့ရသည့်နေရာ
အကြမ်းဖက်သမားအချို့၏ ရိုက်နှက်မှုကြောင့် ရှဟီးဒ်အဖြစ်ကွယ်လွန်ခဲ့သည့် ဦးစိုးမင်း၏ သေစာရင်းမှတ်တမ်းကို မသမာသည့် တာဝန်ရှိသူများ က ကားတိုက်မှုအဖြစ် မှတ်တမ်းရေးသွင်းရန် ကြိုးပမ်းနေသည့်အပြင် ကိုးကွယ်သည့်ဘာသာကိုလည်း ခရစ်ယာန်ဟု ပြောင်းလဲသတင်း ထုတ်ပြန်ရန် ကြိုးစားနေကြောင်း ကာယကံရှင်မိသားစုနှင့်ရင်းနှီးသည့်အသိုင်းအ၀ိုင်းထံမှ Myanmar Muslim Media က စုံစမ်း သိရှိရသည်။
အဆိုပါဖြစ်ရပ်အတွက် တာဝန်ရှိသူများနှင့်ကာယကံရှင်မိသားစုဝင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူများက သက်ဆိုင်ရာမှုခင်းဆရာဝန်အား သေမူသေခင်းဖြစ်စဉ်ကို သေချာစွာ ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုထားကြောင်းသိရသည်။

                                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar