အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

မန္တလေးမှာ အားလုံးလိုလို စိုးထိတ်နေရချိန်မှာ ဒီမြင်ကွင်းက စဉ်းစားစရာပါ

မန္တလေးမှာ အားလုံးလိုလို စိုးထိတ်နေရချိန်မှာ ဒီမြင်ကွင်းက စဉ်းစားစရာပါ

မန္တလေးမှာ ဘာသာရေး ပြဿနာတွေကြောင့် ပြည်သူတွေအားလုံးလိုလို ကျီးလန့်စာစား စိုးကြောက်နေရတဲ့ အချိန်မှာ ကျွန်တော့် တာဝန်နဲ့ လိုက်သတင်းယူရင်း မကြာသော မိနစ်အနည်းငယ်ခန့်က ကျုံးဘေးမှာ အမှတ်မထင်မြင်လိုက်ရတဲ့ မြင်ကွင်းလေးပါ.....






ပုံ က သင်္ဃန်းကို လက်နဲ့ပိုက်ထားပြီး ကတုံးဆံပင် နဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ သူတစ်ယောက် လမ်းလျှောက်နေတာပါ ....
သံဃာတုလို့ပြောလို့ရပါတယ် မန္တလေးမှာ အားလုံးလိုလို စိုးထိတ်နေရချိန်မှာ ဒီမြင်ကွင်းက စဉ်းစားစရာပါ ဒီလိုလူတွေကို မြင်ကွင်းကြီးမှာ မြင်နေပါလျှက် တစ်မြို့လုံးလိုလို ချထားတဲ့ ရဲတပ်ဖွဲ့ ဝင်တွေ မမြင်ကြဘူးလားမသိချင်ယောင်ဆောင်နေကြတာလား...
ဒီမြင်ကွင်းနဲ့ဆက်စပ်ပြီး ဘာနောက်ကွယ်ကြိုးကိုင်မူတွေ ရှိနေသလဲ စဉ်းစားစရာပါ ဒါကိုတာဝန်ရှိသူတွေ ပေါ့မနေသင့်ပါဘူး...
အဆိုပါ လူက အခြေမဲ့တစ်ယောက်မဟုတ်နိုင်ပါ Huawei ဖုန်းလည်းကိုင်ထားပါတယ်...
စတုတ္ထမဏ္ဏိင် သားတစ်ယောက်အနေနဲ့ အရှိကိုအရှိအတိုင်းရိုးသားစွာတင်ပြခြင်းသာဖြစ်ပါတယ်...
ကျွန်တော် ဆက်လက်ပြီး သတင်းပုံရယူပြီးချင်း ချမ်းအေးသာစံ အမှတ်၂ ရဲစခန်းက တာဝန်မှူး ဒုရဲအုပ်မြင့်ခိုင် တာဝန်ကျချိန်အချိန် ၂း၀၀ ခန့်၌ ဆက်သွယ်ကာ ဗုဒ္ဓသာသနာတော်သိက္ခာ ပြည်သူများအတွက် လုံခြုံရေး စသည်တို့အား ရှေ့ရှု့၍သတင်းပေးခဲ့ရာ
တာဝန်ရှိသူများမှ ထိန်းသိမ်း၍ အမှတ် ၄ ရဲစခန်း သို့လွဲပြောင်း ပေး၍ လက်ရှိတွင် စစ်ဆေးလျှက်ရှိကြောင်းသိရပါတယ်။
 
 
အောင်မျိုးဝင်း
 
                                                     မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar