သစ်ထူးလွင် ဘာလဲ ဘယ်လဲ?
သစ်ထူးလွင်ဟာ အမေရိကားမှာလိုလို၊ လူတစ်ယောက်တည်းကပဲ လုပ်နေသလိုလိုနဲ့ ကိုယ်ယောင်ဖျောက်ထားတယ်။
တကယ်က ၀က်ဘ်ဆိုက်ကို တိုက်ရခက်တဲ့ blogger base နဲ့ သုံးထားပြီး အုပ်စုလိုက် ပြည်တွင်းမှာ ရုံးထိုင်ပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။
blogger base လုပ်ထားတာဟာ စစ်အုပ်စုနဲ့ နီးစပ်သူတွေရဲ့ တူညီတဲ့လုပဆောင်ချက် ဖြစ်ပါတယ်။
ရုရှားပြန်စစ်သားတွေ ဦးဆောင်ထားတဲ့ မြ၀တီသတင်းဌာနအပါအ၀င် အစိုးရနဲ့ သက်ဆိုင်တဲ့ ၀က်စာမျက်နှာအချို့ဟာ သစ်ထူးလွင်လိုပဲ blogger ကို အခြေပြုတဲ့ ၀က်ဘ်စာမျက်နှာတွေ ဖြစ်ကြပါတယ်။
သစ်ထူးလွင်ဟာ အစောပိုင်းက အတိုက်အခံ သတင်းဌာနတွေရဲ့ သတင်းပေးဖြစ်ခဲ့တာ မှန်ပေမယ့် အရည်အချင်းကြောင့် သတင်းထောက်အဖြစ် တက်လှမ်းခွင့် မရခဲ့တဲ့အပေါ် အစိုးရဘက်ပြောင်းပြီး myanmar express လို underground site တွေကို အတိုက်အခံတို့ရဲ့ သတင်းပေးအဖြစ် လှုပ်ရှားခဲ့သူလို့ ပြောလို့ရပါတယ်။
ကိုယ့်လူ သူ့ဘက်သားအဖြစ် ပြည်ပရောက် အတိုက်အခံတို့ကြားမှာ ကျင်လည်ခဲ့ပြီး၊ ပြည်ပအခြေစိုက် အတိုက်အခံမီဒီယာကြီးများရဲ့အမည်သုံးကာ အတိုက်အခံတို့ရဲ့ သတင်းတွေကို ထုတ်ယူခဲ့သူဖြစ်ခဲ့ပါတယ်။
ဦးသိန်းစိန် သမ္မတ တက်လုပ်တဲ့အချိန် မီဒီယာကို စစ်တလင်းသဖွယ် ဖန်တီးလာချိန်မှာတော့ သစ်ထူးလွင်ဟာ တမူထူးစွာနဲ့ လူထုကြားမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ရန်ကုန်နဲ့ မေမြို့မှာ ရုံးထိုင်နေပြီး blog ပေါ်မှာ ကြော်ငြာတွေ ထည့်သွင်းဖော်ပြခြင်းကနေ လစဉ် မြန်မာငွေ သိန်းတစ်ရာကျော်ဝင်ငွေရရှိပြီး အွန်လိုင်းကြာ်ငြာဈေးကွက်ကို သိမ်းပိုက်ထားပါတယ်။
သစ်ထူးလွင်ဟာ လူထုရင်ထဲမှာ အစာမကျေခဲ့တဲ့ စစ်အစိုးရရဲ့ မငြင်းနိုင်တဲ့ အမှားများကို ထုတ်ဖော်ရေးသားပြီး လူထုကို အယုံသွင်းလှည့်စားခဲ့ပါတယ်။ (ဒါဟာ စစ်အုပ်စုတို့ ဒီဘက်ခေတ်မှာ ပုံပြောင်း လှုပ်ရှားလာတဲ့ စိတ်ဓာတ်လှည့်စားရေးဗျူဟာ တိုက်ကွက်တစ်ခုဖြစ်ပြီး ၀န်ကြီး ရဲထွတ်ကိုယ်တိုင် ဒီလိုပြောဆိုပြပြီး လူထုကြား တိုးဝင်ခဲ့တာ ဖြစ်ပါတယ်)
အစိုးရဝေဖန်ရေးတွေကို ရှောင်လွှဲမရတဲ့အဆုံး ထပ်ခါထပ်ခါ ပြောဆိုပြီး အားပျော့သွားအောင် လုပ်ယူလေ့ရှိပါတယ်။
သစ်ထူးလွင်ဟာ ဒီနည်းဗျူဟာကိုအသုံးချပြီး လူထုအားပေးမှုကို အခိုင်အမာ ရရှိလာအောင် လုပ်ယူခဲ့ပြိး ဦးသိန်းစိန် အစိုးရရဲ့ အကျပ်အတည်းတွေ ဖြစ်လာတိုင်းမှာ လူထုကို အာရုံပြောင်းရေးအတွက် အဓိကသော့ချက်ဖြစ်နေခဲ့ပြီးယုံတမ်းသတင်းတွေကို လူထုဆီ တင်ပြပေးလေ့ ရှိပါတယ်။
ဇွန် ၃၀ ရက်က တင်ပြခဲ့တဲ့ သတင်းကို အခြေခံပြီး မန္တလေးမြို့တွင်း အကြမ်းဖက်မှုများဟာ မပြီးတော့ဘဲ ပိုဆိုးလာပါတယ်။
နောက်ထပ်ထူးခြားမှုကတော့ သစ်ထူးလွင်အပါအ၀င် စစ်အုပ်စုတွေရဲ့ မိုဘိုင်းဆော့ဝဲတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ရရှားနိုင်ငံက ဟက်ကာတွေ အကူအညီနဲ့ ဖန်တီးထားတဲ့ ဆော့ဝဲတွေ ဖြစ်ပါတယ်။
Spam Spy လို့ခေါ်တဲ့ သူလျှိုနည်းပညာတွေ ထည့်သွင်းပြီး သုံးစွဲသူများကို GPS System တွေကတစ်ဆင့် အချိန်မရွေး စောင့်ကြည့် ထောက်လှမ်းနိုင်ပါတယ်။
မြန်မာအစိုးရဟာ ဆက်သွယ်ရေးစနစ်တွေကို တယ်လီနောနဲ့ အိုရီးဒူးကို ခွဲပေးခဲ့ပေမယ့် အဓိကကျတဲ့ နည်းပညာတွေကိုတော့ HUAWEI ကုမ္ပဏီကိုသာ လုပ်ကိုင်စေပါတယ်။
ဒီကုမ္ပဏီဟာ နည်းပညာမရိုးသားမှုတွေကြောင့် အမေရိကန်အပါအ၀င် အနောက်အုပ်စုရဲ့ ပိတ်ပင်ခြင်းကို ခံထားရပါတယ်။
နောက်ပိုင်းမှာ စစ်အုပ်စု အလိုတော်ရှိ ဓားလန်တွေရဲ့ မိုဘိုင်းဆော့ဝဲတွေနဲ့ HUAWEI ရဲ့ ဆက်သွယ်ရေးစနစ်တွေ ဘယ်လို ပူးပေါင်းကြမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
နောက်ဆုံးတစ်ချက်ကတော့ သစ်ထူးလွင်ကို အစိုးရပြန်ကြားရေးက သတင်းစာမှာ မဖော်ပြနိုင်သမျှသော သတင်းပယ်တွေကို ပေးပို့ရပြီး၊ အစိုးရသတင်းထောက်တွေရဲ့ နိုင်ငံပိုင် သတင်းစာပေါ်မှာ ဖော်ပြလို့ မရနိုင်တဲ့ သတင်းမျိုတွေကို အချည်းအနှီးမဖြစ်ရအောင် ထည့်သွင်းဖော်ပြပေးရတဲ့ သတင်းမီဒီယာအဖြစ် အသုံးချလေ့ရှိခဲ့ပါတယ်။
အခုလောက်ဆို သစ်ထူးလွင်အပါအ၀င် စစ်အုပ်စုတို့ရဲ့ စာမျက်နှာတွေဟာ လူထုအပေါ် ဘယ်အတိုင်းအတာအထိ အဆိပ်အတောက် ဖြစ်စေနိုင်လဲဆိုတာ သိနိုင်လောက်ပါပြီ။
သတင်းတစ်ခုအပေါ် သတင်းမီဒီယာက မှားယွင်းဖော်ပြခဲ့ရင် တာဝန်သိစွာ ဖြေရှင်းချက် တောင်းခံနိုင်မှာဖြစ်ပြီး သစ်ထူးလွင်လို ၀က်ဆိုက်မျိုးကြောင့် နောက်ဆက်တွဲ ဖြစ်လာရတဲ့ အခြေအနေတွေအတွက် ဘယ်သူတာဝန်ယူမလဲဆိုတာ စဉ်းစားမရနိုင်ပါဘူး။
ဘီလ်ကီစ်လင်း
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar