အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

အစ္စလာမ်ဘာသာဝင်များအပေါ် တရားမျှတမှုမရှိသော မြန်မာ့ဥပဒေနှင့် လုပ်ရပ်များ

အစ္စလာမ်ဘာသာဝင်များအပေါ် တရားမျှတမှုမရှိသော မြန်မာ့ဥပဒေနှင့် လုပ်ရပ်များ

2013 ခုနှစ်အတွင်း ဖျက်ဆီးခံထားရသည့် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ ရန်ကုန် - ပြည် ကားလမ်းမကြီးဘေးရှိ စွန္နီ ဂျာမေဗလီ(ဓါတ်ပုံ-အလင်းမျက်ဝန်း)
တောင်ကုတ် ပြဿနာ ဖြစ်ပွားခဲ့တာ နှစ်နှစ် ပြည့်သွားခဲ့ပါပြီ၊ မသီတာထွေးသေဆုံးတာလည်း နှစ်နှစ်ပြည့်ခဲ့ပါပြီ၊ ဒါပေမယ့်ပေါ့ မိန်းကလေးတယောက်ကို အဓ္မပြုကျင့်မှု အကြောင်းပြုပြီး အပြစ်မဲ့သူ အစ္စလာမ် ဘာသာဝင် ဆယ်ဦး (ဂျမာအသ်သား)မြန်မာလို အနီးစပ်ဆုံး ပြောရရင် တရားစခန်းဝင်သူ ၁၀ ဦးကို အပိုင်းပိုင်ဖြတ် ဦးနှောက်ထွက်အောင် ရက်ရက်စက်စက်သတ်ခဲ့တာလည်း နှစ်နှစ်ရှိပါပြီ၊ သို့ပေမယ့်ပေါ့ဗျာ မသီတာထွေးကို အဓမ္မပြုကျင့်သူတွေဆိုပြီး တရာခံကို ဖမ်းမိခဲ့ပေမယ့် အပြစ်မဲ့သူ ၁၀ဦးကို သတ်တဲ့
တရာခံ ဘာကြောင့် အခုထိ မမိနိုင်တာလည်း ဒါဟာ အစ္စလာမ်တွေပေါ်မှာ မတရားမှု ပြယုတ်တခုပါပဲ။ ဒီပြဿနာကို အကြောင်းပြုပြီး ရခိုင်ဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ သာသနာ့အဆောက်အဦးတွေကို မီးလောင်တိုက်သွင်းတာ လူမဆန်စွာ သတ်ဖြတ်ကြတာတွေ အများကြီးလုပ်ခဲ့ကြပေမယ့် နိုင်ငံတော်က မသိသလို နေခဲ့ခြင်းဟာလည်း အစ္စလာမ် ဘာသာဝင်တွေအပေါ် နိုင်ငံတော်ကပါ ပူးပေါင်းကြံစည် ရက်စက်ယုတ်မာမှု တခုအဖြစ် မြင်မိပါတယ်။

ဒီကစလို့ နောက်ဆက်တွဲပြဿနာအဖြစ် တချိန်လုံး ဒေသမှာ အတူရှိနေခဲ့ကြတဲ့ သူတွေကို ရိုဟင်ဂျာဟု အကြောင်းပြပြီး ပြဿနာရှာ မောင်းထုတ်ခဲ့ကြတာတွေ ရှိခဲ့ခြင်းကို နိုင်ငံတော်ကပါ အားပေးအားမြှောက်ဖြစ်စေမယ့် စကားတွေ လုပ်ရပ်တွေကို ကြည့်ခြင်းကလည်း နိုင်ငံတော်ကပါ
ပါဝင်ပတ်သက်တယ်လို့ ယူဆမိပါတယ်။

ဒီလိုအစ္စလာမ်တွေအပေါ်မှာ ရည်ရွယ်ချက်ကြီးကြီးမားမာနဲ့ လုပ်ဆောင်ခဲ့ခြင်းအပေါ် လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ အိုးအိမ်စီးပွာ ဥစ္စာနှင့် အသက်ခန္ဓာများစွာ ဆုံးရှုံးနစ်နာခဲ့ရပါတယ်၊ ဒါတွေကို နိုင်ငံတော်က ယ္ခုအချိန်ထိ လှစ်လျူရှု့
ထားဆဲပါ။ တခြားမြို့ရွာများဖြစ်ခဲ့တဲ့ ပြဿနာများအပေါ် ဖမ်းဆီးပြစ်ဒဏ်ပေးမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တွေကို ပြစ်ဒဏ်လျှော့ပြီး ချခဲ့ပေမယ့် အစ္စလာမ်ဘာသာဝင်များအပေါ် ကြီးလေးတဲ့ပြစ်ဒဏ်များကို ဘက်လိုက်ပြီး တရားမျှတမှု မရှိစွာပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဆိုးရွားဆုံးနှစ်ခုအဖြစ် မိထ္ထီလာမှ အစ္စလာမ်ဘာသာဝင်များနဲ့ရန်ကုန်မြို့၄၈လမ်းကျောင်း မီးလောင်မှုမှာ ပေါ့ဆမီးဟု ဆုံးဖြတ်ခဲ့ပြီး သာသနာ့ကျောင်းဆရာနှစ်ဦးကိုမူ မထိုက်တန်လောက်တဲ့ပြစ်ဒဏ်ကြီးများကို တဖက်စောင်းနင်း ချခဲ့ကြပြန်ပါတယ်။

၉၆၉ စတေကာတခုကို ခွာတယ်ဆိုပြီး သာသနာကို ညိုးနွမ်းစေမှုနဲ့ ပြစ်ဒဏ်ချခဲ့သော်လည်း မင်္ဂလာဒုံမြို့နယ် ခလောက်ကွန်နိုင်မှ ဗလီဝတ်ကျောင်းအတွင်း ကျုးကျော်ဝင်ရောက်၍ အစ္စလာမ့်သာသနာ ကျမ်းမြတ်ကုရ်အာန်အား ဆုတ်ဖြဲခဲ့ခြင်းအပေါ် မူးယစ်သောက်စား၍
မူးသလိုလို ရူးသလိုလို အကြောင်းပြပြီး လွှတ်ပေးကာ ဘက်လိုက်အပြစ်ပေးခဲ့ပါသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ရခိုင်ဒေသကို ကူညီမှုများ မပေးတဲ့အပြင် လာရောက်ကူညီသော နိုင်ငံခြားအဖွဲ့အစည်းများကို ပြဿနာရှာ မောင်းထုတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော်အာဏာဖြင့် ထိန်းသိမ်းခြင်းများ မပြုလုပ်သည့်အပြင်
နှစ်နိုင်ငံဆက်ဆံရေးနှင့် သံတမံရေးရာကျင့်ဝတ်များကိုလည်း ထင်ရှားစွာ ဖောက်ဖျက်ကျုးလွန်ရာကျခြင်းများ ပြုလုပ်ခဲ့ပါသည်။

လွတ်လပ်စွာ ကိုးကွယ်ခွင့် ဥပဒေပြဋ္ဌာန်းထားသော်လည်း အစ္စလာမ်သာသနာကို ထိခိုက်စော်ကားခြင်း လှောင်ပြောင်သရော်ခြင်း နှင့် ဝါဒဖြန့် ဟောပြောလှောင်ပြောင်နေခြင်းများကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်းခြင်းလည်း မပြုလုပ်ပဲ မသိသလို လုပ်နေခဲ့သည့်အပြင်
အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအား ထိခိုက်နစ်နာစေသော ဥပဒေပြဋ္ဌာန်းခြင်းများအပေါ် အားပေးအားမြှောက် ထောက်ခံခဲ့ပါသည်။ ထို့အပြင် မှတ်ပုံတင်ထားခြင်းနှင့် ခွင့်ပြုမိန့်ရှိမနေပဲ ၉၆၉ အဖွဲ့ဆိုကာ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်များကို အုပ်စုဖွဲ့လုပ်
နေခြင်းကို ဖျက်သိမ်းစေခြင်းနှင့် တားမြစ်ထိန်းသိမ်းခြင်းများလည်း မပြုလုပ်သည့်အပြင် ထိုအဖွဲ့မှ အကြမ်းဖက်နေမှုများအပေါ် လက်ပိုက်ကြည့်နေခြင်း မသိသလို လုပ်နေခြင်းတွေက အစ္စလာမ်ဘာသာဝင်တွေအပေါ် တမင်သက်သက် ဖိနှိမ်ရက်စက်ယုတ်မာခြင်းများသည်လည်း
နိုင်ငံတော်က အလိုတူအလိုပါလို့ မြင်မိပါတယ်။

ယနေ့ထိတိုင်လည်း အစ္စလာမ်ဘာသာဝင်များရဲ့သာသနာ့အဆောက်အဦးများ ဖျက်ထားခြင်းအပေါ် ပြန်လည်ဆောက်လုပ်ခွင့်မပေးပါဘူး၊ သာ့သနာ့ကျောင်းများကိုလည်း ဒီအတိုင်းပါပဲ ပြန်လည်ပြင်ဆင်မွမ်းမံခွင့်နှင့် ဝတ်ပြုခွင့် စာသင်ခွင့်တွေပိတ်ထားတာတွေလည်း ပြန်လည်ပြီး
ခွင့်မပေးသေးပါဘူး အစ္စလာမ်ဘာသာဝင်များ၏ ထိခိုက်နစ်နာမှုနှင့် ဖြစ်ရပ်မှန် သတင်းများကို အစိုးရပိုင်မီဒီယာမှ ပွင့်လင်းမြင်သာအောင် ဖေါ်ပြခွင့်မပေးခဲ့သလို အစ္စလာမ့်မီဒီယာတချို့ကိုလည်း ပိတ်ပင်တားမြစ်တာ ခြိမ်းခြောက်သတိပေးတာနှင့် မီဒီယာကို ဖျက်စီးတာများ
ပြုလုပ်ခြင်းကိုလည်း လျစ်လျုရှု့ထားခဲ့ပါသည်။

သတင်းအမှန်ကို ကမ္ဘာက မသိအောင် ဖုံးဖိထားခြင်းနှင့် သတင်းစာရှင်းလင်းပွဲများတွင် အစ္စလာမ်ဘာသာဝင် မီဒီယာနှင့် တာဝန်ရှိသူများက မေးမြန်းမှုအပေါ်အဖြေမှန်မပေးပဲ ဝေ့လည်ကြောင်ပတ်နှင့် ရှောင်ထွက်သွားခြင်း တချို့သတင်းစာရှင်းလင်းပွဲများမှ အစ္စလာမ်နှင့်ပတ်သက်၍
မေးမြန်းမှုများကို နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာရုပ်မြင်သံကြားများမှ ထုတ်ဖေါ်ပြခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ်။ ကမ္ဘာက လူ့အခွင့်အရေးအဖွဲ့အစည်းများ လာရောက်လျှင်လည်း စတေးရှောင်ခဲ့ပါတယ်။ OIC ရုံး စိုက်လာခြင်းကို ပြည်သူကိုပဲ ချစ်သယောင်နဲ့ ပြည်သူကလက်မခံရင်
ကျွန်တော်လည်း လက်မခံပါဘူးလို့ဆိုပြီး အစ္စလာမ်တွေ ကူညီမှုရရှိမည့် အခွင့်အလမ်းကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က ပိတ်ပင်ခဲ့ပါသည်။

သာသနာ့ခေါင်းဆောင်များကို အာဏာပိုင်များက တိတ်တဆိတ်ခေါ်ယူ၍  ကြိမ်းမောင်းဖိနှိမ်ခြင်းများလည်း မကြာခဏဆိုသလိုပြုလုပ်နေပါတယ်၊ မိမိတို့ဘက်မှလည်း စော်ကားခံရ အကြိမ်းအမောင်းလဲခံရသဖြင့် သာသနာ့အကြီးအကဲများ မချိတင်ကဲဖြစ်ခဲ့ရပါသည်။
ဟိုးတချိန်က ရန်ကုန်မြို့ဟံသာဝတီအဝိုင်းအနီး၌ ဗလီတလုံးကို ဖျက်ခဲ့စဉ်က ပြန်ဆောက်ခွင့်ပေးမလိုနှင့် ယ္ခုတိုင် ပြန်ပေးခြင်းမရှိခဲ့ပါဘူး ဒီလိုဖြစ်အင်တွေက မြန်မာနိုင်ငံအနှံ့အပြားရှိခဲ့ဖူးပါတယ်၊ အစ္စလာမ်သာသနာပိုင် သင်္ချိုင်းများကိုလည်း အာဏာဖြင့်သိမ်းယူပြီး အစားပြန်လည်ပေးခြင်းမရှိပဲ နိုင်လိုမင်းထက်ပြုကျင့်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မိန့်ခွန်းများပြောဆိုရာမှာ လူမျိုးရေးခွဲခြားခြင်းနှင့် အစ္စလာမ်ဘာသာဝင်များကို ထိခိုက်စော်ကားဖျက်စီးနေမှုအပေါ် ထိရောက်စွာတားမြစ်ခြင်းများကို ပြောဆိုခြင်းမရှိခဲ့ပါဘူး၊ ဒုက္ခသည်စခန်းမှ အစ္စလာမ်အမျိုးသမီးများကို စစ်တပ်မှ အဓမ္မပြုကျင့်ခြင်းများအပေါ်
အရေးယူခြင်း အလျဉ်းမရှိခဲ့ပါဘူး ကူညီပေးခြင်းမရှိသည့်အပြင် ဖိနှိပ်ဒုက္ခများ ပေးခြင်းကို အာဏာပိုင်များမှ အားပေးသကဲ့သို့ ပြုမူခြင်းမသိကျိုးကျွံပြုမူနေခြင်းများဖြင့် အစ္စလာမ်ဘာသာဝင်များကို အတိဒုက္ခဖြစ်စေနေပါတယ်။

ယ္ခုလည်း မန္တလေးမြို့ပဋိပက္ခမှာလည်း အာဏာပိုင်အဖွဲ့အစည်းများရှိနေပေမယ့်  အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်များ၊အိမ်များနှင့် ဗလီဝတ်ကျောင်းတော်များကို ဖျက်စီးခြင်း၊ ခဲနှင့်ပစ်ပေါက်ခြင်း၊ ဘာသာတရားကို ရိုင်းပြစွာ အော်ဟစ်ဆဲဆိုခြင်း အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်ခြင်းများကိုငြိမ်ဝပ်အောင် ထိန်းသိမ်းမှု ထိရောက်စွာ မဟန့်တားပဲ တဖတ်သတ် ထိန်းသိမ်းခြင်းများကလည်း အစ္စလာမ်ဘာသာဝင်များအပေါ် တရားမျှ တမှုမရှိပါဘူး တချိန်က 1988 ခုနှစ် တိုင်းပြည်တခုလုံး အုံကြွပြီး တိုင်းပြည်ပျက်လုမတတ်ဖြစ်နေချိန်မှာ လုံးဝငြိမ်သက်သွားအောင် ထိန်းသိမ်းခဲ့တဲ့ ထိန်းနှိုင်ခဲ့တဲ့တပ်မတော်ဟာယခုလို အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်ရက်စက်နေချိန် တိုင်းပြည်မငြိမ်မသက်နှင့်လူမျိုးရေးပဋိပက္ခ မီးတောက်နေချိန်မှာ ပါဝင်ခြင်း၊ ထိန်းသိမ်းခြင်းမရှိပဲ လျစ်လျူ ရှုနေခြင်းဟာလည်း တွေးစရာတခုပါပဲ။

ဒီလုပ်ရပ်တွေကို သိမြင်သလောက် သုံးသပ်ကြည့်လျှင် နိုင်ငံရေးအတွက် ကျားကစားပွဲ၌ ချကျွေးခြင်းခံရသော နယ်ရုပ်အဖြစ် အစ္စလာမ်ဘာသာဝင်များကိုတည် ကြက်ထားစတေးစေခြင်းဖြစ်တယ်လို့ ယူဆမိတယ်၊ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထုက ထောက်ခံနေခြင်းအပေါ်အမြင်လွဲမှားစေရန်အတွက်လူမျိုးရေးပြဿနာ ဖန်တီးမယ် ဒီပြဿနာအပေါ်ဒေါ်စုမှ အမှန်တရားဘက် ရပ်တည်၍ အစ္စလာမ်ထုဘက်မှ ပြောရင်အမျိုးဘာသာကို ဖောက်ဖျက်ပြီး လူမျိုးခြား၊ ဘာသာခြားကို အားပေးသူဟု စွပ်စွဲအထင်မှားပြီး ပြည်သူများက ကန့်ကွက်စေချင်တာဖြစ်မယ်။ ယခုလည်း သိပ်မထူးခြားပါဘူးတချို့Fb အကောင့်များမှာ စစ်အစိုးရနှင့် ပက်သတ်သည်ထင်ရသော အကောင့်များမှာ ဒေါ်စုကို ကုလားဘက်ပါသူအဖြစ် အမြင်စောင်းစေရန် ဖေါ်ပြနေသည်များလည်း တွေ့နေရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အာဏာရှင်နှုင့် စင်ပြိုင်အစိုးရတို့နှစ်ဦး အာဏာလုဖက်
ပြိုင်ပွဲ ကျွဲနှစ်ကောင်ခတ်သည့်ကြားတွင်အစ္စလာမ်ဘာသာဝင်များကိုမြေဇာပင်ဖြစ်စေခြင်းကအလွန်အမင်းရက်စက်ယုတ်မာမှုတခုဖြစ်သလို အစ္စလာမ်ဘာသာဝင်တွေအတွက် လူ့အခွင့်ရေးချိုးဖောက်ခံရ်ခြင်း  မတရားအနိုင်ကျင့် သတ်ဖြတ်ခံရခြင်းနှင့် တရားမျှတမှုမရှိခြင်းများသည် အစ္စလာမ်ဘာသာဝင်များအပေါ် တရားမျှတမှုမရှိသော မြန်မာ့ဥပဒေနှင့် လုပ်ရပ်များပင်ဖြစ်သည်။
             
 

ဦးချစ် | အလင်းမျက်ဝန်း

                                                မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar