အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 4 juli 2014

၂၁ နာရီကြာ ဥပုသ်စောင့်ရမည့် ဆွီဒင်မွတ်စလင်မ်တို့အတွက် အချိန်ဇယားသစ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေး

၂၁ နာရီကြာ ဥပုသ်စောင့်ရမည့် ဆွီဒင်မွတ်စလင်မ်တို့အတွက် အချိန်ဇယားသစ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေး

၂၁ နာရီကြာ ဥပုသ်စောင့်ရမည့် ဆွီဒင်မွတ်စလင်တို့ 1
နွေရာသီရက်များအတွင်းကျရောက်သဖြင့် ဆွီယာမ်ဥပုသ်စောင့်ထိန်းချိန် ၂၁ နာရီခန့်ရှိသော ဆွီဒင်နိုင်ငံမြောက်ပိုင်းရှိ မွတ်စလင်မ်တို့အတွက် လမ်းညွှန်ချက်အသစ်ဖြင့် ရမသွာန်လအတွင်း ၀ါချည်-၀ါဖြေ အချိန်ဇယားတစ်ခု ဖန်တီးခဲ့ကြောင်းသိရသည်။ ယခုနှစ် ရမသွာန်တွင် နေမ၀င်သော ဆွီဒင်နိုင်ငံမြောက်ပိုင်းရှိ မြို့များတွင် မွတ်စလင်မ်တို့ အခက်ကြုံရသည်။
“ဆွီဒင်မှာ မွတ်စလင်မ်တွေ များများစားစား မရှိခင်က မသိသာပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းကစပြီး ဆွီယာမ်စောင့်ထိန်းမယ့် ကိစ္စမှာ ပြဿနာတစ်ခုလို ဖြစ်လာခဲ့ပါတယ် ”ဟု အစ္စလာမ့်အသင်းမှ အီမာမ်မဟ်မူးဒ်ခလ်ဖီက ပြည်တွင်းသတင်းဌာနကို ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံဥာဏ်တွေလည်း အများကြီးပေါ့၊ မက္ကာဟ်မြို့အတိုင်းပဲ လုပ်သင့်သလား၊ ဒါမှမဟုတ် နေ့ရော ညပါ အလင်းရောင်ရှိနေတဲ့နေရာမှာ ဘယ်လို ဥပုသ်စောင့်ရမလဲပေါ့”
ဇွန်လ ၂၈ ရက်နေ့(စနေနေ့)တွင် စတင်ခဲ့သော ရမသွာန်လမြတ်သည် ဆွီဒင်နိုင်ငံ၏ အရှည်လျားဆုံး နွေရာသီရက်များအတွင်း ကျရောက် နေသောကြောင့် မွတ်စလင်မ်တို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ ဆွီဒီမြောက်ပိုင်းက Kiruma ကဲ့သို့ တစ်ချို့နေရာများတွင် ဇွန်၊ ဇူလိုင် သည် နေလုံးဝ မ၀င်သော ရက်များဖြစ်သည်။ နေ့တာရှည်ပြီး မိုးမချုပ်သော ရက်များကြောင့် ဆွီယာမ်ရိုဇာစောင့်ထိန်းလိုသူ ဆွီဒင်မွတ်စလင်မ်တို့ အကြား စိတ်ရှုပ်ထွေးစရာ ဖြစ်လာသည်။
ဥပုသ်စောင့်ထိန်းလိုသော မွတ်စလင်မ်တို့အတွက် ရွေးချယ်စရာအဖြစ် ဖသ၀ါနှင့်သုတေသန ဥရောပကောင်စီက လမ်းညွှန်ချက်အသစ် ချမှတ် ပေးခဲ့သည်။ ဆွီဒင်နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းမြို့များဖြစ်သော Stockholm နှင့် Malmö ဒေသတို့၏ နေ၀င်နေထွက်ချိန်အတိုင်း လိုက်နာ စေသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့ဒေသတွင် မေလ ၁ရက်နေ့ကဲ့သို့ ပုံမှန် နေ၀င်နေထွက်ဖြစ်ခဲ့သော အချိန်အတိုင်းအတာကို လိုက်ပါ ဆောင်ရွက်စေသည်။ ဆွီဒင်မြောက်ပိုင်း Västerbotten မြို့တွင် နေထိုင်သော မွတ်စလင်မ်တို့အဖို့ နံနက် 03.11 မိနစ်မှ ည 09.03 မိနစ်အထိ
ဥပုသ်စောင့်ထိန်းရမည်ဖြစ်ပြီး တစ်နေ့လျှင် ၁၈ နာရီခန့် ကြာမြင့်မည်။ ဆွီဒင်နိုင်ငံက မွတ်စလင်မ်အားလုံးအတွက် အဆိုပါ လမ်းညွှန်ချက် အသစ်က ရှင်းရှင်းလင်းလင်းမရှိချေ။ “နောက်နှစ်မှာ တူညီတဲ့ ဖြေရှင်းချက်မျိုးရဖို့ မျှော်လင့်ပါတယ်”ဟု ခလ်ဖီက ဆိုသည်။

အစိုးရစာရင်းဇယားများအရ လူဦးရေ ၉ သန်းခန့်ရှိသော ဆွီဒင်နိုင်ငံတွင် မွတ်စလင်မ် ၂ သိန်းခန့်ရှိပြီး အစ္စလာမ်မစ်စင်တာ၏ တွက်ချက်မှုအရ လက်ရှိ ဆွီဒင်တွင် မွတ်စလင်မ်လူဦးရေ ၃၅၀၀၀၀ ခန့် နေထိုင်ကြောင်း သိရသည်။ ရမသွာန်လသည် မွတ်စလင်မ်တို့အတွက် စိတ်ရှည်သည်းခံမှု၊ မိမိကိုယ်ကိုယ်ထိန်းသိမ်းနိုင်မှုနှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာတို့ကို သင်ကြားပေးခြင်းဖြစ်ပြီး ၀တ်ပြုဆုတောင်းမှု၊ ကုရ်အာန်ဖတ်ရွတ်မှုနှင့် ကောင်းမြတ်သော လုပ်ရပ်များကို ဆောင်ရွက်ခြင်းအားဖြင့် အလ္လာဟ်ရှင်မြတ်ထံ နီးကပ်စေခြင်းပင်ဖြစ်သည်။
Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)


                                              မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar