အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအကြောင်း အစိုးရမီဒီယာ ထုတ်ပြန်ချက်

မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအကြောင်း အစိုးရမီဒီယာ ထုတ်ပြန်ချက်

Wednesday, July 2, 2014
 ~




မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအကြောင်း အစိုးရမီဒီယာက သတင်း ထုတ်ပြန်ပါပြီ။

၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ “ဆန်း”ကဖေးမှာ ညပိုင်း လူစုလူဝေး ဖြစ်ပေါ်ပြီး  ပြဿနက်တယ်၊ လုံခြုံရေးတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းဖြေရှင်းရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ လူအုပ်စုအချို့ ရုန်းရင်းဆန်ခတ်မှုများ
ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့က လူစုခွဲခဲ့ရ 

နေပြည်တော် ဇူလိုင် ၂

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ယမန်နေ့ညပိုင်းမှစ၍ လူအုပ်စုအချို့ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့က လူစုခွဲခဲ့ရပြီး ယခုအခါ အဆိုပါ နေရာများ၌ လုံခြုံရေးဆောင်ရွက်ထားကြောင်း သိရှိရသည်။

နေပြည်တော်ပျဉ်းမနားရဲတပ်ဖွဲ့က (ပ)၂၉၃/၂၀၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား သော ပြစ်မှုကျူးလွန်သူ နေ၀င်း ပိုင်ဆိုင်သည့် ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ “ဆန်း”ကဖေးလက်ဖက်ရည်ဆိုင်၌ ဇူလိုင် ၁ ရက် ည ၇ နာရီခွဲခန့်တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့က ၀ိုင်းဝန်းထိန်းသိမ်းခဲ့ရာ ညဉ့်ဦးပိုင်းတွင် လူစု ကွဲသွား ခဲ့သည်။

ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ယင်းလက်ဖက်ရည်ဆိုင်အနီး၌ လူအင်အား ပြန်လည်များပြားလာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ ထိန်းသိမ်းခဲ့သော်လည်း ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင် လူအင်အား ပိုမို များပြားလာပြီး အုတ်ခဲကျိုး၊ ပုလင်းခွံ များဖြင့် လမ်းဘေးနေအိမ် ၀င်းထရံများအား ပစ်ပေါက်ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့က အတားအဆီးများချ၍ ထိန်းသိမ်းပိတ်ဆို့ခြင်း၊ အဓိကရုဏ်းထိန်းသိမ်းရေးသုံး ရော်ဘာ ကျည် သုံးချက် ပစ်ဖောက်၍ လူစုခွဲခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။

ည ၁၁ နာရီခွဲ ခန့်တွင် ၂၆ လမ်းနှင့် ၈၃ လမ်းထောင့်၌ လူအုပ်စုများက နေအိမ်အချို့အား ခဲဖြင့် ပစ်ပေါက်ပြီး လမ်းဘေး ရပ်ထားသော မော်တော်ယာဉ် သုံးစီးအား ကားမှန်ထုခွဲသဖြင့် လုံခြုံရေးအဖွဲ့က ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇူလိုင် ၂ ရက် နံနက် ၂ နာရီခန့်တွင် လူအင်အား (၄၅၀)ခန့်က ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် တုတ်၊ ဓားများ ကိုင်ဆောင်၍ အော်ဟစ်ဆူပူနေသဖြင့် လုံခြုံရေးအဖွဲ့က ထိန်းသိမ်းလူစုခွဲခဲ့ရသကဲ့သို့ နံနက် ၃ နာရီခန့်တွင် ၂၆ လမ်း၊ ၈၃ နှင့် ၈၈ လမ်းကြားတွင် ရပ်ထားသော ဟိုင်းလပ်စ် မော်တော်ယာဉ်တစ်စီးအား မီးရှို့မှု ကြောင့် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ ယခုအခါ အဆိုပါနေရာများ၍ လုံခြုံရေးတပ်ဖွဲ့က နေရာဖြန့် ခွဲပြီး လုံခြုံရေးရယူထိန်းသိမ်းထားကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်း ရရှိသည်။

 

                                    မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar