အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

မှူးဇော်က အမှားကို ဝန်မခံဘဲ လိုက်ဖာပေးနေ

မှူးဇော်က အမှားကို ဝန်မခံဘဲ လိုက်ဖာပေးနေ


Ashin Dhamma

စိန်ဖူးတော် ကိုင်ဆောင်သူဟာ ရန်ကုန်က မန္တလေးအထိ လမ်းလျှောက်ပြီး ပင့်မယ်ဆိုပါစို့... ဖိနပ်ချွတ်ပြီးပဲ ပင့်ဆောင်ရပါမယ်။ ကိုယ့်ထက် အသက်သိက္ခာကြီးတဲ့ ဆရာတော်တွေကို ခေါင်းရိတ်ပေးရင် ဘယ်လိုနေရာမှာဖြစ်ဖြစ် ဂါရဝတရားကို ဦးထိပ်ထားပြီး ဖိနပ်ကိုချွတ်ပြီးမှ ခေါင်းရိတ်ပေးပါတယ်။ ဆရာသမား ထိုင်တဲ့၊ ကျိန်းတဲ့ ဖျာပေါ်ဆိုရင် ခြေတဖဝါးစာ မချဖူးပါဘူး။ လမ်းတကြောင်းတည်းမှာ ဆရာတော်တပါး ကြွလာရင် ကိုယ်ရောက်တဲ့နေရာမှာ ရပ်လို့ဖြစ်စေ၊ ဆောင့်ကြောင့်ထိုင်လို့ဖြစ်စေ လက်အုပ်ချီပြီး ကိုယ့်ခရီးကို ရပ်တန့်ပေးရပါတယ်။ ဒီလို အပြုအမူတွေဟာ ငယ်စဉ် ပုလုကွေးကတည်း ကျင့်ခဲ့ရတာပါ။ ဒီလို ကောင်းတဲ့ ကိုယ့်ရဲ့ တလွဲမာန်ကို လျှော့ကျစေတဲ့ အပြုအမူတွေဟာ ဆရာကောင်းသမားကောင်းတွေထံ ဆည်းကပ်ခွင့်ရခဲ့တဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ သိန်းစိန်ဟာ စိန်ဖူးတော်ကိုင်မယ်ဆိုတာနဲ့ ဖိနပ်ချွတ်ပစ်ရပါမယ်။ စိန်ဖူးတော်ကိုင်ထားတဲ့လူဟာ ဖိနပ်ချွတ်လျက်သားပဲ ဖြစ်နေရပါမယ်။ ဒါကို မှူးဇော်က အမှားကို ဝန်မခံဘဲ လိုက်ဖာပေးနေတယ်။ ကိုယ့်အမှားကို အမှားလို့ ဝန်မခံရဲတဲ့သူတွေဟာ ဘယ်တော့မှ အမှန်ကို မြင်လာမှာမဟုတ်ဘူး။ လူ့ဘိတ်တုန်း တခဏစံတွေ ငရဲပန်းကို နတ်ပန်းထင်နေကြတယ်။




Inga kommentarer:

Skicka en kommentar