အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
onsdag 2 juli 2014
ဝီရသူရဲ့ လုပ်ရပ်များ (မဖြစ်သင့်တာမဖြစ်ရအောင်ဖတ်ပေးကြပါ)
(ဆန်းကဖေးကုလားအုတ်ဆူပူအော်ဟစ်နေဆဲ)
(မန္တလေးအဓိကရုဏ်းစနေပါပြီ)
(မန္တလေးအဓိကရုဏ်းတစ်နေရာဘဲ့ကျန်တော့တယ်)
(ဦးဇင်းဝီရသူဆိုဒ်မှ လှူံ ဆော် စာများ အားလုံးသတိရှိကြပါ)
ဒါတွေဟာဘာတွေလည်း ဦးဇင်းဝီရသူရယ် ဘုန်းကြီးဖြစ်ပြီး ဘာဖြစ်လို့ သွေးထိုးလှူံ ဆော်နေတာလည်း တကယ်လည်းဖြစ်ခဲ့ရင်ကော မြန်မာပြည်ဘာဖြစ်သွားမလည်း ဘုရားသားတော်ဆိုပြီးတပည့်တော်မတို့ ကိုးကွယ်နေတာတွေဟာ ဘာတွေဖြစ်နေပြီလည်း တပည့်တော်မဆိုလိုတာ ကျန်သည့် သိက္ခာရှိ ဆရာတော်ကြီးများကို မဆိုလိုပါ ဦးဇင်းဝီရသူအနေနဲ့ ဘာဖြစ်လို့များ ဘုန်းကြီးကဘုန်းကြီးအလုပ်မလုပ်ဘဲ လူမုန်းခံချင်နေရတာလည်း တပည့်တော်မ ရိုင်းရိုင်းမေးမယ် ဦးဇင်းဒီလိုလုပ်နေတာ ဘယ်လောက်ရနေလည်း ဒီလိုလုပ်နေတဲ့အတွက် ဗုဒ္ဒမြတ်စွာဘုရားက ကြည်ဖြူ မှာလား ဗုဒ္ဒဘာသာဟာအကြမ်းဖက်ဘာသာဖြစ်သွားောအာင်ဦးဖင်း အကွက်ကျကျ ဖန်းတီးလှူံ ဆော်နေတာလား မဖြစ်သင့်တာမဖြစ်ရအောင်ဦးဇင်းတားရမှာမဟုတ်လား ဒီနေ့လည်းလာပြန်သေးတယ်
မြန်မာမိန်းကလေးတွေမှုဒိန်းကျင့်ခံရရင် တရားသူကြီးများက သာမန်ရာဇ၀တ်မှုလို့မမြင်ဘဲ အမျိုးသားရေးပြသနာတစ်ရပ်အဖြစ်မြင်ခိုင်းနေပြန်ပါပြီ မှုဒိန်းမှုဖြစ်တာဘဲ့ နိုင်ငံသားအချင်းချင်းဖြစ်တာကို အမျိုးသားရေးပြသနာဖြစ်အောင် ဘာဖြစ်လို့ဖန်တီးနေတာလည်း သေချာ ပြန်စဉ်းစားကြရင် ဦးဇင်းလုပ်ရပ်က သိပ်ရှက်ဖို့ကောင်းတယ် လူလူချင်းနေကြတာဘဲ့ မြန်မာမိန်းကလေးတွေမှုဒိန်းကျင့်ခံရသလို မွတ်စလင်မ်မလေးတွေလည်း မှုဒိန်းကျင့်ခံချင်ကျင်ခံရမှာဘဲ့အဲဒါကိုအတတ်နိုင်ဆုံးနည်းနိုင်သမျှနည်းအောင်ကတပည့်တော်မတို့ဘက်ကကြိုးစားကြရမှာမဟုတ်လား
အဲဒီနေရာမှာ မွတ်စလင်မတွေကိုအတုယူသင့်တယ်ထင်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အများအားဖြင့် မွတ်စလင်မလေးတွေက မှုဒိန်းကျင့်ခံရတာဘာဖြစ်လို့နည်းသလည်းဆိုရင် မွတ်စလင်မတွေကို မြန်မာပြည်မှမဟုတ်ဘူး တစ်ကမ္ဘာလုံး လိုက်ကြည့်လိုက် သူတို့ဟာသူတို့လုံလုံခြုံ ခြုံ ၀တ်ကြစားကြတယ် ဒီတော့ မှုဒိန်းကျင့်ချင်တဲ့သူက ဒီစိတ်မဖြစ်ပေါ်ဘူး ဟုတ်ပါတယ်နော် တပည့်တော်မပြောမယ်ပြောမယ်နဲ့ ဦးဇင်းက အရမ်းကြီးကိုတစ်ဘက်စောင်းနင်းပြောဆို ရေးသားနေတော့ မပြောမဖြစ်ပြောလိုက်ရတာပါ တပည့်တော်မဟာ ဗုဒ္ဒဘာသာမြန်မာလူမျိုးစစ်စစ်ပါ ဘုန်းကြီးကိုဒီလိုပြောရလားဆိုပြီးတော့်အပြစ်မြင်ချင်မြင်မယ် တပည့်တော်မအမြင်မှာ ဘုန်းကြီးဟာဘုန်းကြီးအလုပ်လုပ်ရင် ဘုန်းကြီးအဖြစ်နဲ့လေးစားရသလို ဘုန်းကြီးအလုပ်မလုပ်တော့ရင် ဘုန်းကြီးဟာ လည်း လူပါဘဲ့ ဒါကြောင့် လူလူချင်းပြောတဲ့ သဘောမျိုးရေးသားလိုက်ရခြင်းဖြစ်ပါတယ် တပည့်တော်မအမှားတစ်စုံတရာပါခဲ့ရင် ပြောနိုင်ပါတယ်
မြူ နှင်း(အေးရိပ်ငြိမ်)
Prenumerera på:
Kommentarer till inlägget (Atom)
Inga kommentarer:
Skicka en kommentar