အပိုင်း ( ၃ )
[ [ လေနီကြမ်း တိုက်ခိုက်မည် ၊ ငလျှင်လှုပ်မည် ၊
ရုပ်ဆင်းသဏ္ဍန်များ ပျက်ပြားမည် ၊မိုးကောင်းကင်မှ
ကျောက်ခဲမိုးရွာမည် ။ ] ]
သာဝကကြီး အဘူဟုရိုင်ရဟ် သခင်ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်
မိန့်တော်မူသည်။
သုံပန်း ပစ္စည်းကို ကိုယ်ပိုင် ပစ္စည်း သဘော ထင်မှတlp်
ကြလျှင် အမာနသ် အပ်နှံ ထားသော ပစ္စည်းကို
ထိန်ကျန်ခြင်းပြုကြလျှင် ဇကားသ် နှစ်စဉ် ဒါန ကြေးကို
ဒါဏ်တပ်သည်ဟု ထင်မှတ်ကျလျှင် သာသနာရေးပညာ
အာလင်မ်ကို လောကီ စားဝတ်နေရေးအတွက် သင်ယူ
ကြလျှင် ဇနီးသည်၏ အနွံအတာ ကို ခံလျှင် ၎င်း မိခင်
ကို နှိပ်စက်လျှင် မိတ်ဆွေကို ရင်းနှီးစွာ ပေါင်းပြီး ဖခင်ကို
ရှောင်ရှား ကြလျှင် ဗလီ ဝတ်ကျောင်းတော်များ၌
လောကီ စကားများဖြင့် ဆူညံစွာ ပြောဆိုနေကြလျှင်
အုပ်စု မျိုးနွယ် တို့၏ ခေါင်းဆောင် လူကြီးသည် ၊
သာသနာရေး မလးစား သူများ ဖြစ်ကြလျှင် ၊ယုတ်ညံ့
သူများသည် တာဝန်ခံ အကြီး အကဲ ဖြစ်ကြလျှင် လူလူ
ချင်း ရိုသေကြရာတွင် ကြောက်ရွံ့ ၍ ဒုက္ခ ပေးမည်ကို
စိုး၍ ရိုသေ လာကြလျှင် တီးမှုတ် သီဆိုသော အမျိုးသမီး
များ တီးမှုတ်သော ကိရိယာ များ ပေါ်များလာလျှင်
အရက် သေစာ သောက်စားကြလျှင် နောင်လာ နောင်
သား တို့သည် ၊ လွန်လေပြီးသော ကောင်းမြတ်သူများကို
လအ်နသ် ကြိမ်ဆဲ မကောင်း ပြောဆိုမှုများ ပြုလာကြ
လျှင် လေနီကြမ်းများ မြေငလျှင် လှုပ်မှုများကို
စောင့် မျှော်ကြကုန်လော့ ။ ၎င်း မြေမြိုခြင်း ရုပ်ဆင်း
သဏ္ဍန် ပျက်ပြား ခြင်း နှင့် မိုးကောင်ကင်းမှ
ကျောက်ခဲ မိုး ရွာချမည် ကိုလည်း စောင့်မျှော် နေကြ
ကုန်လော့ ။ ဤ ဒုက္ခ များအပြင် ပုတီးကုန်မှ
တလုံး စီ ပြုတ်ကျသကဲ့သို့ အခြားသော ဘေးဘလာ
ဒုက္ခ များကိုလည်း စောင့်မျှော် ကြ ကုန်လော့။
သာဝကကြီး အလီ သခင်၏ ဆင့်ပြန်ချက်တွင်
ယောင်္ကျားများသည် ပိုးထည်များ ဝတ်ဆင်ကြလျှင်
ဟူ၍ လည်း ပါရှိလေသည် ။ ( သိရ်မေဇီ ကျမ်း )
လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ အရင်က ကိုယ်တော်မြတ်
ဟောကြားမိန့်မြွက် ထားသည့် အထက်ပါ အကြောင်း
အရာများ အနက် မည်သည့် အချက်များ ပေါ်ပေါက်
နေပြီ ။ မည်သို့သော ဘေးဒုက္ခ များ ရင်ဆိုင် နေရပြီ
ကို ကိုယ်တိုင် စဉ်းစားကြည့်ပါက သိရှိနိုင်ပေသည်။
ကျွန်ုပ်တို့၏ သီလ သမာဓိ မကောင်းမှု စာရိတ္တ ပျက်
မှု များကြောင့် ဖြစ်ပေါ် ရသည်ကို မငြင်းကွယ် နိုင်ပေ။
— with အဘာဘီးလ် ငှက် and 47 others. [ [ လေနီကြမ်း တိုက်ခိုက်မည် ၊ ငလျှင်လှုပ်မည် ၊

![Photo: အပိုင်း ( ၃ )

မှု များကြောင့် ဖြစ်ပေါ် ရသည်ကို မငြင်းကွယ် နိုင်ပေ။](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-xaf1/t1.0-9/s526x296/10364006_1534519440109237_3720733385312677550_n.jpg)
Inga kommentarer:
Skicka en kommentar