အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 2 juli 2014

ရေဝေးသင်္ချိုင်းမှာတွေ့ရတဲ့စာ

           ရေဝေးသင်္ချိုင်းမှာတွေ့ရတဲ့စာ

Thursday, July 3, 2014
မကြာသေးခင်က နာရေးတခုကို သွားပို့ဖို့ ရေဝေးသင်္ချိုင်းရောက်တော့ အဆောက်အအုံတခုမှာ ချိတ်ထားတဲ့ဆိုင်းဘုတ်က စာသားက ဆင်ခြင်စရာကောင်းလွန်းတဲ့အတွက် ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

အုတ်ဂူလေးတခုမှာ ရေးထားတဲ့စာ လို့ ခေါင်းစဉ်တပ်ထားပါတယ်။

"မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တစ်ခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တစ်နေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့”

နေမဝင်ခင် ရိက္ခာပြင်ပါ (ဒါန သီလ ဘာဝနာ)
ဆင်ခြင်ရမည့်တရား (အနိစ္စ ဒုက္ခ အနတ္တ)


ဒီဆိုင်းဘုတ်အလှူရှင် နေရာမှာ ဒုဗိုလ်ချုပ်ကြီးဟောင်းမျိုးညွန့် အမည်ကို တွေ့ရပါတယ်။

 

နာရေးတခေါက်သွားခြင်းဟာ သံဝေဂရစရာတွေနဲ့ အမြဲကြုံတွေ့ရစမြဲပါ။

ဒီဆိုင်းဘုတ်ကြောင့် ပိုပြီး သံဝေဂ ရကြမယ်လို့ ယူဆနိုင်ပါတယ်။


                             မြူ နှင်း(အေးရိပ်ငြိမ်)
 ~






   
 


Inga kommentarer:

Skicka en kommentar