အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 juni 2014

သမ္မတကြီးအတွက် တကယ့်ပန်းစကား

သမ္မတကြီးအတွက် တကယ့်ပန်းစကား

လူကလေးမောင်သမ္မတ
မောင်ရင်တို့က နိုင်ငံရေးအာရုံလွှဲဖို့လိုအပ်လာတိုင်း အစ္စလာမ်တွေကိုပဲ ပစ်မှတ်ထားနေတယ်နော်၊ ဘာကြောင့်လဲလို့မမေးတော့ပါဘူး အစ္စလာမ်တွေရဲ့ သည်းခံနိုင်စွမ်းကို မောင်ရင်တို့သိနေတာကိုး။ ကိုယ်နေထိုင်တဲ့ နိုင်အပေါ်သစ္စာရှိမှုမှာ အစ္စလာမ်ထက်သာတဲ့သူမရှိတာ နိုင်ငံတိုင်းရဲ့ နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံရမှုသမိုင်းကြောင်းက သက်သေပဲလေ။ ဘယ်အစ္စလာမ်ကမှ ကိုယ်ခေါင်းဆောင် ကိုယ်ပြန်မသတ်ဖူးဘူးနော်။ နောက်တခုက အစ္စလာမ့်ဝိနည်းနဲ့ မဆန့်ကျင်သရွေ့ အုပ်ချုပ်သူရဲ့ ဥပဒေကို နာခံဖို့ဆိုတာလည်း အစ္စလာမ်တခုတည်းမှာပဲ တရားဝင်ပြဌာန်းထားလေတော့ မောင်ရင်တို့အာဏာရှင်တွေအကြိုက်ပေါ့။

လူကလေးမောင်သမ္မတ

ဘာလဲ မောင်ရင်က စစ်တပ်အာဏာသိမ်းတာမျိုး ထပ်လုပ်ချင်တာလား။ ဒါကြောင့် တိုင်းပြည်ပျက်အောင် အကွက်ချကြိုးစားနေတယ်ဆိုပါတော့။ မတရားဖိနှိပ်လာရင် ဒီကုလားတွေတော့ မခံနိုင်ဖြစ်ပြီး လက်နက်ကိုင်ကုန်ကြရင် မောင်ရင်ရင်တို့လိုချင်တဲ့ အကွက်ဆိုက်မယ်ထင်နေတယ်ပေါ့။
သနားဖို့ကောင်းလိုက်တဲ့ မောင်သမ္မတလေးရယ်။

လူကလေးမောင်သမ္မတ

ကမ္ဘာ့သမိုင်းကိုလည်း ပြန်လေ့လာပါအုံး။ ဓာလှံလေးမြှား ခေတ်တည်းက ဒီကနေ့ နျူကလီးယားခေတ်ထိ စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တရားမျှတတဲ့ ဘယ်စစ်ပွဲမှာများ အလုံးစုံရှုံးနိမ်သွားတာ မောင်ရင်ကြားခဲ့ဖူးလို့လဲ။ ဓားကျိုးဖိနပ်ပြတ်နဲ့ စစ်မှန်တဲ့ မွတ်စလင်တစ်ယောက်နဲ့တင် မတရားတဲ့ ရှင်ဘုရင်ရဲ့ စစ်တပ်နဲ့နန်းတော် တုန်လှုပ်သွားခဲ့တာ ပုံပြင်မဟုတ်ဘူးနော်။ လက်ရှိခေတ်မှာလဲ မောင်ရင်တို့ ဖင်တုန်အောင်ကြောက်တဲ့ အမေရိကန်ရဲ့ စစ်တပ်ကြီးက ယိုင်နဲ့နဲ့ အာဖဂန်ပြည်လေးကို ကျောခိုင်းကာ စစ်စရိတ်ရှုံးပြီး ဖင်ရှုံ့ပြန်သွားတာ မောင်ရင်မကြားမိဘူးလား။ အံ့သြပါရဲ့ သောက်ကျိုးနဲသမ္မတကြီးရယ်။

လူကလေးမောင်သမ္မတ

ဘာလဲ ပေါက်ဖေါ်ကြီးအားကိုးနဲ့ မိုက်နေတာလား။ စိတ်မကူးနဲ့မောင်သမ္မတ သူတို့လိုချင်တာတွေ ရနေသရွေ့လေးပဲ မောင်ရင်တို့ကို ကြောသပ်ပေးနေမှာ။ မြန်မာပြည်ကို တရုတ်ဖြူတွေ ကျူးကြော်ခဲ့တာကိုများ မလေ့လာခဲ့ဖူးဘူးထင်ပါ့။ မောင်ရင်တို့ရဲ့ လမ်းပြကြယ်ကြီး အာဏာရှင် နေလင်းခေတ်ကောင်းတုန်းက တရုတ်ဗမာအရေးခင်းလုပ်ပြီး သူတို့ပေါက်ဖေါ်တွေကို ဖိနှိပ်ခဲ့တာ သူတို့မေ့နေမယ်ထင်လို့လား။
လူကလေး မောင်သမ္မတ သည်းခံမှုက အတိုင်းအတာရှိပါတယ်နော်။ ဒါမှမဟုတ် မောင်ရင်တို့ လက်တဆုပ်စာ လူတစု အာဏာကိုင်ထားနိုင်ဖို့အတွက်နဲ့ အမိန့်ကလွဲရင် ကျန်တာမသိအောင်လေ့ကျင့် ပေးထားတဲ့ သနားစရာ တပ်မတော်သားများစွာရဲ့ အသက်တွေကို စတေးတော့မလို့လား မလုပ်ပါနဲ့မောင်သမ္မတ လူတယောက်နေရလှ အသက် ၉၀၊ ၁၀၀ ပါ။ ဘာလို့ သားစဉ်မြေဆက်ကို ပြည်သူတွေရဲ့ အမုန်းနွံထဲ နှစ်ထားခဲ့မလဲ။ သေချာစဉ်းစားပါ။

လူကလေးမောင်သမ္မတ

ဘာလုပ်ရမှန်းမသိတော့ရင် ဒီအကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကထွက်လိုက်လေ။ တာဝန်သိစိတ်ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ လုပ်သလိုပေါ့။ အဲဒါဆိုရင်တောင် တာဝန်သိစိတ်ရှိတဲ့ သမ္မတအဖြစ် ကမ္ဘာက အသိအမှတ်ပြုနေပါလိမ့်မယ်။ စိတ်ပါရင် တိုင်းပြည်အကျိုး တကယ်ဆောင်ချင်ရင် ၂၀၁၅ မှာ တသီးပုဂ္ဂလ ဝင်အရွေးခံလို့တောင်ရသေးတယ်။ ရလာမဲ့ မဲတွေကို စိတ်ထဲက ရေတွက်ကြည့်လိုက်အုံး ပျော်စရာပဲနော်။ ပြည်သူတွေက ငြိမ်းချမ်းရေး အမှန်တကယ်လိုလားတဲ့ သမ္မတဟောင်းကြီးကို ဘယ်လောက်များချစ်လိုက်ကြမလဲ တွေးသာကြည့်တော့။

Thiha Naing | အလင်းမျက်ဝန်း
 
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar