ကော့သောင်းဆယ်မိုင်မှ
အုပ်ချူပ်ရေးမှူးးနှင့်စည်ပင်လုပ်စားဂွင်
ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွှာ ပြည်ခိုင်ဖြိုးရုံးရှေ့
တဖက်တကမ်းလမ်းဘေးတွင်ရှိသော ခြံသည်
သူတို့၏ဘိုးဘွားပိုင်ဖြစ်သည် ထိုခြံဘေးတွင်အနေဆင်းရဲဖြစ်နေသည့်သူမှ
အိမ်လေးတစ်လုံးဆောက်
ခွင့်ပြုပါရန် တောင်းဆိုလာသောကြောင့် သနားသဖြင့် အိမ်ဆောက်ခွင့်ပြုခဲ့ပါသည်။
ထိုလူမှာ
အိမ် ဆောက်ပြီးနေလာရာ ယ္ခုသူ၏အိမ်အား တိုးချဲ့ဆောက်လုပ် နေသဖြင့် ခြံရှင်မှ
ကျွန်တော်ပေးထားတာ
အိမ်တစ်ကွက်စာဘဲ့ ဘယ်လိုဖြစ်လို့ဒီဘက်ထပ်ထွက်လာဖို့လုပ်နေသလည်း မလုပ်ပါနဲ့ဆိုတာကို
ထိုသူမှ
ကြိုက်ရာသွားတိုင် ဆိုသည့်သဘောမျိုး မထီမဲ့မြင် လုပ်နေသဖြင့် စုံစမ်းကြည့်ရာတွင်
ဆယ်မိုင်
အုပ်ချူပ်ရေးမှူးနှင့် စည်ပင်ကို
ခွံထားကြောင်းကြားသိရပါသည် မြို့နယ်စည်ပင်အနေဖြင့်လည်းမလုပ်
အပ်သလို အုပ်ချူပ်ရေးမှူးမှလည်းမလုပ်အပ်သည့်အလုပ်ကိုလုပ်နေပါသည် ထိုသို့ မင်းမဲ့စရိုက်
ဆန်ဆန်
အထက်ဖားအောက်ဖိ အာဏာပိုင်တစ်ချို့လုပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတမှ ပြုပြင်ပြောင်း
လဲရေးအတွက်
လုပ်ဆောင်နေသည်များကို နှမြောမိပါသည် အထက်တွင် မည်ကဲ့သို့အကောင်းလုပ်
လုပ်
အောက်ခြေတွင်
ထိုကဲ့သို့အကျင့်ပျက်ခြစားနေသည့် ၀န်ထမ်းများရှိနေသည့်အကြောင်း သက်ဆိုင်
ရာအာဏာပိုင်များမှသိစေရန် အသိပေးအကြောင်းကြားအပ်ပါသည်။ကော့သောင်းမှ
အာဏာပိုင်များအနေဖြင့်
ထိုသို့တင်ပြလာသည့်အကြောင်းအရာများကို ထိရောက်စွာ
ဟန့်တားခြင်း
အရေးယူခြင်း မရှိလျှင်
ကော့သောင်းဆိုဒ်မှသည် ဒီဗွီဘီ ထိုမှ သမ္မတ၀ဘ် ထိုကဲ့သို့ အဆင့်ဆင့်
တင်ပြ ပေးမည်ဖြစ်ပါကြောင်း
ကျွန်မ မြူ နှင်း(အေးရိပ်ငြိမ်)မှ ကတိပြုလိုက်ပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar