အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 14 maj 2014

၁၄ ဦးသေဆုံးသော ရာဇာမင်းကား မှောက်မှု မှ ဒဏ်ရာရသူတချို့ အသက်အန္တရာယ် စိုးရိမ်ရ

၁၄ ဦးသေဆုံးသော ရာဇာမင်းကား မှောက်မှု မှ ဒဏ်ရာရသူတချို့ အသက်အန္တရာယ် စိုးရိမ်ရ

May 14, 2014

ထက်နိုင်ဇော်


ရာဇာမင်းကားကို ကရိန်းနှင့် မယူနေစဉ်။(ဓာတ်ပုံ-စိုးမင်းလွင် Facebook)


ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီး သည် တင်ယဉ် မေလ ၁၃ ရက်နေ့ ညပိုင်းက တိမ်းမှောက်ခဲ့ရာ ခရီးသည်၁၄ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ လည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။

ခရီးသည် ၄၄ ဦးလိုက်ပါသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် မေလ ၁၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန် မိုးရွာသွန်းချိန် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် မိုင်တိုင် ၁၉၇/၆ အနီးတွင် ပျဉ်းမနား-တောင်တွင်းကြီး မီးရထားလမ်း ကုန်းကျော်တံတား အောက်သို့ အရှိန်လွန် ထိုးကျခဲ့ကြောင်း၊ မိုးရွာနေချိန် လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန်စလစ်ဖြစ်ကာ တပတ်လည်၍ ပေ ၃၀ ခန့် အနက် ရှိသော မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားကြောင်း၊ ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေအနေရှိကြောင်း နေပြည်တော် မိုင် ၂၀၁/၆ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးနှင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးထံမှ စုံစမ်းသိရသည်။

“ကားပိတဲ့ သူတွေကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေကုန်ကြတယ်။ သေတဲ့သူကိုတောင် အပြင်ဆွဲထုတ်ဖို့ မလွယ်လို့ ကရိန်းကားကြီး ရောက်လာမှ ဆွဲထုတ် လို့ရတယ်။ဒဏ်ရာရတဲ့ လူနာတွေကို ကားမှန်တွေကို ခွဲပြီး ဆွဲထုတ် ရတယ် ။ ဒဏ်ရာ ရတဲ့သူ ထဲမှာ ၃ ယောက်လောက်က ဒဏ်ရာ တော်တော် ပြင်းတယ်။ စိုးရိမ်ရတဲ့ အခြေ အနေ ရှိတယ်။ ယဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာပဲ ရသွားတယ်။ အခြေအနေ သိပ်မဆိုးဘူး။ ယဉ်မောင်း နှစ်ယောက်မှာတယောက်ပဲ ဒဏ်ရာရသွားတာ။ အခုတော့ ဆေးရုံပို့ထားလိုက်ပြီ” ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူ နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဦးမျိုးသက်ပိုင်က ဧရာဝတီသို့ ပြောသည်။ 



                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar