အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 14 maj 2014

အမြန်လမ်းပေါ်တွင် ရာဇာမင်းကားမှောက်ကာ ၁၄ ဦး သေဆုံးကာ၊ ၂၉ ဦး ဒဏ်ရာရ (+5 photos)

အမြန်လမ်းပေါ်တွင် ရာဇာမင်းကားမှောက်ကာ ၁၄ ဦး သေဆုံးကာ၊ ၂၉ ဦး ဒဏ်ရာရ (+5 photos)

May 12, 2014




(၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆-၁၉၇/၇ ကြားတွင် - Express မော်တော်ယာဉ် (ရာဇာမင်း နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဆ/၁၅၂၇၊ ယာဉ်မောင်း ဦးမင်းထက် မောင်းနှင်လာသောယာဉ်သည် လေပြင်းတိုက်၍ မိုးသည်းထန်စွာ ရွာသွန်းစဉ် ရှေ့မှမောင်းနှင်နေသော ယာဉ်ငယ်အား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် စုစုပေါင်း (၄၄)ဦး လိုက်ပါလာခဲ့ရာ အခင်းဖြစ်နေရာတွင် (၁၃)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများအား အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ လမ်းပိုင်းတာဝန်ခံအင်ဂျင်နီယာ
အဖွဲ့များမှ အမြန်ဆုံးသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Credit-Yangon-Mandalay Expressway
 
                                     မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar