အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 14 maj 2014

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတ ဦးဆောင်စုံစမ်း စစ်ဆေး

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတ ဦးဆောင်စုံစမ်း စစ်ဆေး

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဒုသမ္မတ ဦးဆောင်စုံစမ်းစစ်ဆေးခရီးသည် ၁၄ ဦး သေဆုံးခဲ့သော ရာဇာမင်း ခရီး သည်ယာဉ် အမြန်လမ်းပေါ်မှ တိမ်းမှောက်ထိုးကျ ခဲ့သော ဖြစ်စဉ် ကို ဒုတိယသမ္မတဦးဉာဏ်ထွန်း ကိုယ်တိုင် ဦးဆောင်စုံစမ်းစစ် ဆေးနေကြောင်း သတင်းရရှိ သည်။ ဒုတိယ သမ္မတသည် ပြည်ထဲရေးဝန်ကြီးဌာန၌ အမြန်လမ်း ယာဉ်မတော်တဆ မှုများနှင့် သက်ဆိုင်သော ၀န်ကြီးဌာန များမှ ပြည် ထောင်စုဝန်ကြီးများနှင့် မေလ ၁၃ ရက် မွန်းလွဲပိုင်းက အထူးအ စည်းအဝေးတစ်ရပ် ကျင်းပခဲ့ သည်။
အခင်းဖြစ်ပွားရာ နေရာသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုလည်း လာရောက် ကြည့်ရှုကာ ယာဉ်မောင်းသည် ဂိတ်မှ မထွက်မီ မည်သည့်နေရာ တွင် စားသောက်ခဲ့ကြောင်း စုံစမ်း ရန် ညွှန်ကြားသည်။ ယာဉ်မောင်းသည် အရက် သောက်ထားခြင်း မရှိကြောင်း သွေးဖောက်စစ်ဆေးမှုကို ကိုး ကားပြီး ရဲမှူးကြီးနေ၀င်းကပြော သည်။ မိုးသည်းထန်စွာ ရွာနေ သည့် အချိန်တွင် မောင်းသင့် သည့် မြန်နှုန်းထက် ပိုမောင်းခြင်း၊ ၀ိုက်ဗာက မိုးရေကို ကောင်းစွာ မခွဲနိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ် ပွားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုတိမ်းမှောက်သောယာဉ်၏ ပိုင်ရှင်သည် ရန်ကုန်မြို့မှဦးကိုကိုထွေးဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရောက်နေကြောင်း ယာဉ်တာဝန်ခံ ဦးအေးမင်းထွန်း ကပြောသည်။ ထို့အပြင် အဆိုပါ ယာဉ် သည် ဖြစ်ပွားသည့် နေ့တွင်ပင် ရန်ကုန်မှ နေပြည်တော်သို့ ခရီး သည်တင်ဆောင်ထွက်ခွာလာရာ နေပြည်တော် အဝေးပြေးကား ကြီးဝင်းသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိခဲ့သည်။ ထိုနောက် နေ ပြည်တော်မှ ရန်ကုန်သို့ ပြန် ထွက်စဉ် ထိုကဲ့သို့ ဖြစ်ပွားခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ ‘‘ဒီလိုတစ်ရက် နှစ်ခေါက် ဆွဲတဲ့လိုင်းက မရှိသလောက်ပါ ပဲ’’ဟု နေပြည်တော် မထသ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေကပြောသည်။
ယာဉ်သည် လမ်းဘေးကျ ကာ တံတားလက်ရန်းနှင့် အကာ များကို ဆက်လက်တိုက်မိပြီး အမြင့်ပေ ၅၀ ခန့်ရှိ ရထားသံ လမ်း ခုံးကျော်တံတားအောက်သို့ ထိုးကျသွားကာ ပေ ၁၂၀ ခန့်အကွာတွင် ဖင်ထောင်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။
‘‘ဘာကြောင့် ဖြစ်သလဲဆို တော့ မိုးက သဲသဲမဲမဲ ရွာနေတယ်။ ကီလိုရှစ်ဆယ်လောက် မောင်းလို့ရတဲ့ကားက ၄၀ လောက်ပဲ မောင်းလို့ရတဲ့ အနေအထား ဖြစ်တယ်။ မောင်းလာတဲ့နှုန်းက ကန့်သတ်ကီလိုထက် မကျော် သော်လည်းပဲ နည်းနည်းလေး တော့ ၇၀/၈၀ လောက်မောင်း လာပုံရတယ်။ ၀ိုက်ဗာကလည်း ကောင်းကောင်းရေမခွဲနိုင်တဲ့ ပုံ ဖြစ်မယ်လို့ ယူဆတယ်’’ ဟု ရဲမှူး ကြီး နေ၀င်းက ရှင်းလင်းပြောကြားသည်။ ဖြစ်စဉ်တွင် စပယ်ယာတစ် ဦး အပါအ၀င် လူ ၁၄ ဦးသေဆုံးခဲ့ ကြောင်း၊ ၂၉ ဦးဒဏ်ရာရှိကာ နှစ် ဦး၊ သုံးဦးခန့် အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်တွင် ယာဉ်မောင်းသူ မှာ ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရကြောင်း ၎င်းကို ခုတင် ၁၀၀၀ ဆေးရုံ၌ ခြေချုပ်ဖြင့် ဆေးကုသလျက်ရှိနေပြီး ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထား ကြောင်း ရဲမှူးကြီးနေ၀င်းက ပြော ကြားသည်။ ထို့အပြင် အသက်ဆုံးရှုံးခဲ့ သော ခရီးသည်များအတွက် အာမခံ၊ နစ်နာကြေးများနှင့်ပတ်သက်၍ ညှိနှိုင်းခဲ့ကြောင်း သိရသည်။ ‘‘တစ်ယောက်ကို သိန်း ၆၀ လောက်ရလိမ့်မယ်’’ ဟု ဦးဝင်းဆွေက ညှိနှိုင်းမှု၏ ရလဒ်ကို ပြောကြားသည်။
သေဆုံးသူများအတွက် ထိ ခိုက်ဒဏ်ရာရရှိမှု အာမခံ ကျပ်ငါး သိန်း၊ ယာဉ်လက်မှတ်ဝယ်ယူရာ တွင် ပေးဆောင်ရသော အာမခံ ကျေး ၃၀၀ ကျပ်အတွက် သိန်း ၃၀၊ အဆိုပါယာဉ်သည် ဧရာဝတီ ဘဏ်တွင် အလုံးစုံအာမခံထားရှိ သောကြောင့် တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီ ရရှိမည်ဖြစ်သည်။  

                             မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar