အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 8 december 2013

ဆီးဂိမ်းလုံခြုံရေး အပြည့်အဝ စီစဉ်ဆောင်ရွက်ထား

ဆီးဂိမ်းလုံခြုံရေး အပြည့်အဝ စီစဉ်ဆောင်ရွက်ထား


၂၇ ကြိမ်မြောက် ဆီးဂိမ်လုံခြုံရေးအတွက် ဒီဇင်ဘာလ အစပိုင်းမှစ၍ အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဒုရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။ ဆီးဂိမ်ကာလ လုံခြုံရေလုပ်ငန်းစဉ် ၂၅ ရာခိုင်နှုန်းကို သြဂုတ်လ(၁)ရက်နေ့တွင် လည်းကောင်း၊ (၅၀) ရာခိုင်နှုန်းကို နိုဝင်ဘာ(၁)ရက်နေ့တွင် လည်းကောင်း၊ လုံခြုံရေး လုပ်ငန်းစဉ်၏ တတိယအဆင့်ကို ဒီဇင်ဘာလ အစောပိုင်းတွင်လည်းကောင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အားကစားပွဲ ကျင်းပရာ နေရာများတွင်လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာများတွင်လည်းကောင်း သံသယရှိသည့် လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်း တင်နိုင်ရန်အတွက် လုံခြုံရေးကရိယာများဖြစ်သည့် CCTV ကင်မရာများ၊ မိုင်းရှာကရိယာများနှင့် X-ray ကင်မရာများကို တပ်ဆင်ထားကြောင်း သိရှိရသည်။ အရေးကြီး နေရာများတွင် မိုင်းရှာခွေးများနှင့် ဗုံးရှာအဖွဲ့များကို ချထားကြောင်းလည်း သိရှိရသည်။ မြို့တွင်း ဘတ်စကားလိုင်းများ၊ နယ်စပ်ဖြတ်ကျော်မှုများနှင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပသည့် မြို့ဝင်ပေါက်များကိုလည်း တင်းတင်းကျပ်ကျပ် စီစစ်လျက် ရှိကြောင်းသိရှိရသည်။

အားကစားပွဲကျင်းပသည့် နေရာများ၊ ဆီးဂိမ်သို့ လာရောက်ကြသည့် ဧည့်သည်တော်များနှင့် အားကစားသမား များ၏လုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတကာရဲတပ်ဖွဲ့နှင့် စင်္ကာပူရဲတပ်ဖွဲ့ တို့ကလည်း လုံခြုံရေးနှင့် ပတ်သက်သည့်သင်တန်းများနှင့် အကြံပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်

Ref & Credit : Opposite Eye
 
                                                                           မြူ နှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar