အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 8 december 2013

ကမ္ဘာ့အမျိုးသမီးများဖိုရမ် 2013 ကို မြန်မာနိုင်ငံတွင်ကျင်းပ

ကမ္ဘာ့အမျိုးသမီးများဖိုရမ် 2013 ကို မြန်မာနိုင်ငံတွင်ကျင်းပ



ရန်ကုန်၊ ဒီဇင်ဘာ ၆။

မြန်မာနိုင်ငံနှင့်နိုင်ငံတကာမှ အမျိုးသမီးများ၏ အတွေ့အကြုံများနှီးနှောဖလှယ်ပြီး၊ အမျိုးသမီးများ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို ဟောပြောဆွေးနွေးခဲ့ကြသည့် အမျိုးသမီးများဖိုရမ် မြန်မာ၂၀၁၃ (Women’s Forum Myanmar 2013) ကို ရန်ကုန်မြို့ Chatrium Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။


ဒီဇင်ဘာလ (၆)ရက် နှင့် (၇)ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် အမျိုးသမီးများဖိုရမ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး တျီရီမတ်တူး(Thierry Mathou)၊ အမျိုးသမီးများဖိုရမ်ဥက္ကဌ ဗီရောနစ်ခ် မောရယ်လီ(Veronique Morali) တို့အပါအ၀င်  နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် လူထုအခြေပြုအဖွဲ့အစည်းများမှ အမျိုးသမီးများ၊ မြန်မာနိုင်ငံနှင့်နိုင်ငံတကာရှိ နယ်ပယ်အသီးသီးတွင် ထင်ရှားကျော်ကြားသူများ၊ အစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဖိုရမ်အတွင်း မြန်မာနိုင်ငံနှင့်နိုင်ငံတကာမှ အမျိုးသမီးစွမ်းဆောင်ရှင်များအချင်းချင်း အတွေ့အကြုံများ၊ လက်တွေ့ကျင့်သုံးသည့်မူဝါဒလုပ်ငန်းစဉ်များနှင့် အလေ့အထကောင်းများဖလှယ်ခြင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလန်းအတွက် ထိရောက်မှုရှိမည့် ပညာရေးစနစ်၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊  မြန်မာနိုင်ငံသို့ဝင်ရောက်လာနိုင်မည့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ၏ အကျိုးသက်ရောက်နိုင်မှုနှင့် ရေရှည်အကျိုးသက်ရောက်နိုင်ခြင်းရှိ၊မရှိ ဆွေးနွေးခြင်း၊ ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ရေး  စသည်တို့အပါအ၀င် အခန်းကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြသည်။


“ ကျွန်မတို့ကဒီမှာ လေ့လာဖို့၊ မျှဝေကြဖို့နဲ့ အတူတကွပူးပေါင်းလက်တွဲဖို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခုအခါ ပွင့်လင်းလာပြီဖြစ်တဲ့အတွက် စီးပွားရေးတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ၊ လူမှုရေးနဲ့တွေးခေါ်မှုအပိုင်းတွေ အားလုံးတပြိုင်တည်းပြောင်းလဲလာချိန်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း တကယ်ကိုအရေးကြီးလာပါတယ် ” ဟု Women’s Forum Myanmar2013 ၏ထုတ်ပြန်ချက်ခေါင်းကြီးပိုင်းတွင် အမျိုးသမီးများဖိုရမ်ဥက္ကဌ ဗီရောနစ်ခ်မောရယ်လီမှ ရေးသားဖော်ပြထားသည်။


အမျိုးသမီးဖိုရမ် (Women’s Forum) သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်အခြေစိုက်ပြီး ယခုကဲ့သို့ နိုင်ငံတကာအဆင့် အမျိုးသမီးများပါဝင်သည့် ကမ္ဘာ့အမျိုးသမီးများဖိုရမ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။


mtz



Ref & Credit : မြန်မာ့ခေတ်
 
                                                                            မြူ နှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar