မျက်လုံးထဲမှာ ဘောလုံးအသင်းလိုဂိုကို ရေးထိုးသူ

နယူးကာဆယ်က သူတို့အသင်းပရိသတ် အန်ဒရူးကာနာဗန်ရဲ့ တောင်းဆိုမှုကို လိုက်လျောလိုက်တဲ့အတွက် ကာနာဗန်ဟာသူ့မျက်လုံးထဲမှာ နယူးကာဆယ် အမှတ်တံဆိပ် ရေးထွင်းခွင့်ရသွားခဲ့ပါတယ်။ အဆောက်အဦတွေ ဖြိုဖျက်တဲ့လုပ်ငန်း လုပ်ကိုင်တဲ့ ကာနာဗန်ဟာ (၁၉၉၃)ခုနှစ်မှာ ညာဖက်မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့တာကြောင့် ကျောက်မျက်လုံး ထည့်ထားရပြီး အဲဒီကျောက်မျက်လုံးထဲမှာ နယူးကာဆယ် အမှတ်တံဆိပ် ရေးထွင်းဖို့ တောင်းဆိုခဲ့တာပါ။ ကာနာဗန်နဲ့ ပတ်သက်ပြီး နယူးကာဆယ် အသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒါက ထုံးစံမဟုတ်တဲ့ တောင်းဆိုမှုတစ်ခုပါ။ ဒါပေမဲ့ သူ့ကို ပံ့ပိုးပေးလိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ကာနာဗန်ကိုယ်တိုင်ကလည်း မျက်လုံးဆုံးရှုံးခဲ့ရတာထက် ကျောက်မျက်လုံးမှာ နယူးကာဆယ် လိုဂိုထွင်းခွင့်ရတာက မဟာအောင်မြင်မှုတစ်ရပ်လို့ထင်ပြီး ပျော်ရွှင်နေပါရဲ့။ “တချို့သူတွေက မျက်လုံးတစ်လုံး ဆုံးရှုံးရတဲ့အခါ စိတ်ပျက်တတ်ကြပေမယ့် ကျွန်တော်ကတော့ ထူးထူးခြားခြားလုပ်ပြနိုင်တဲ့ အခွင့်အရေးတစ်ရပ် ရခဲ့တယ်လို့ပဲ ထင်ပါတယ်”လို့ ကာနာဗန်က ပြောခဲ့တာပါ။ ပျော်မယ်ဆိုရင် ပျော်စရာချည်းပဲလို့ ကာနာဗန်က ကျွန်တော်တို့ကို ပြောနေသလိုပါပဲ။
zaw zaw tun
မြူ နှင်း(အေးရိပ်ငြိမ)
Inga kommentarer:
Skicka en kommentar