အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

ခင်သောင်းရွှေ လို့ခေါ်နိုင်သည်။

ခင်သောင်းရွှေ လို့ခေါ်နိုင်သည်။



Nay Myo Zin

ဒီဇင်ဘာ ၂၆ ရက် ပန်းတနော် မြို့နယ် တရားရုံး.

ယနေ့ထိ စွဲချက် မတင်သေးသော လေးကြိမ်မြောက် ပုဒ်မ ၁၈ ရုံးချိန်းကို ငွေကုန်အချိန်ကုန် ခံပြိး သွားခဲ့ရပြန်ပါသည်။ နိုင်ငံတော်၏ တရားစီရင်ရေး စနစ်ကြီးသည် ပြည်သူနိုင်ငံသားတို့ အတွက် အချိန်ကုန်လူပန်း စိတ်ပင်ပန်းဖြစ်စေရန်သာ ရည်ရွယ်ဆောင်ရွက်နေသော ဖိနှိပ်ရေး ယန္တရား အဆင့်မှ တိုးတက်လာခြင်း မရှိသေးပေ။ ယနေ့ တရားရုံးတွင် မိမိတို့ ကဲ့သို့ ဆင့်ခေါ် စစ်မေး ခံရသူ ပြည်သူများအား ဦးဒေါ် မောင် စသည်ဖြင့် ယဉ်ကျေးမှု အရ နာမည် အရှေ့တွင် တပ်ခေါ်သည့် အသုံးအနှုန်းတို့ကို အဘယ်ကြောင့် တရားရုံးတော် စာရေးမှ အစ မသုံးနှုန်းပဲ ကိုယ့် ထက် အသက် ကြီးသော လူကိုပင် ရင့်သီးစွာ ဦး မတပ် ကို မတပ် ခေါ်ဆိုရခြင်း အကြောင်းကို မေးမြန်းခဲ့ပါသည်။ အခြေခံ ဥပဒေ မှာကိုက ယခုလို နာမ်နှိမ်ပြီး ခေါ်ဆိုရမည်ဟု ပြဌာန်းထားခြင်း ရှိပါသလားဟု မေးသောအခါ တရားသူကြီး ဒေါ်ခင်သောင်းရွှေက ပြဌာန်းထားခြင်း မရှိကြောင်း ဖြေပါသည်။ သို့ဆိုလျှင် ဘာကြောင့် ဦးနေမျိုးဇင် သော်လည်းကောင်း ကိုနေမျိုးဇင် သော်လည်းကောင်း မခေါ်ပဲ နေမျိုးဇင် ဟု ရုံး စာရေး က အစ ဘာကြောင့် ခေါ်ပါသလဲ မေးရာ မိမိတို့ တရားရေး ၀န်ထမ်းများ က ကြိုက်သလို ခေါ်ခွင့်ရှိကြောင်း ဆိုပါသည်။
သို့ဆိုလျှင် တရားသူကြီးဒေါ်ခင်သောင်းရွှေ ကို ဒေါ် တပ် မခေါ်ပဲ ကျနော်က ခေါ်မည်ဆိုလျှင်ရော လက်ခံ ပါမည်လား ဟု ဆိုရာ ကြိုက်သလို ခေါ်ဆိုနိုင်ပါသည်ဟု ( ဒေါ် ) ခင်သောင်းရွှေ က ဆိုပါသည်။





Inga kommentarer:

Skicka en kommentar