အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

စတေကာကပ်ယာဉ်များနှင့် ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိလျှင် ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းမည်

စတေကာကပ်ယာဉ်များနှင့် ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိလျှင် ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းမည်



Eleven Media Group


စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင်အသုံးပြုခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်ပြီး သွားလာနေသော မော်တော်ယာဉ်များကို စီမံချက်ဒဏ်ငွေဖြင့် ဒဏ်ရိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ပြီးနောက်ပိုင်းတွင် စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း သိရသည်။

" အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ်နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅၀၀ ကနေ ၂၀၀၀ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှုအားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅၀၀ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီးမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်းလိုင်စင် ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ် " ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၁၂၇၀၃ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ ၃၂၉၇ ဦးရှိခဲ့ကာ ၂၁၅၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်မြို့တွင်းတစ်နေရာ၌ စတေကာကပ်၍ မောင်းနှင်နေသည့် ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

                                မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar