အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 27 december 2013

တိုက်ပွဲများ စဖြစ်ရာ နေရာတွင် အစိုးရတပ်က စခန်းသစ် တိုးချဲ့ ချထား

တိုက်ပွဲများ စဖြစ်ရာ နေရာတွင် အစိုးရတပ်က စခန်းသစ် တိုးချဲ့ ချထား



 BY - KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် KIA ထိန်းချုပ် နယ်မြေမှာတည်ရှိတဲ့ တာပိတ် ၁ ရေအားလျှပ်စစ် စက်ရုံ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် အနီး တာပိန်ရေအား လျှပ်စစ်အနီးတွင် အစိုးရတပ်က စစ်စခန်း တခု တိုးချဲ့ ချထားလိုက်သဖြင့် KIAနှင့် အစိုးရ စစ်တပ်အကြား တင်းမာမှု ပိုမို ကြီးထွားလာနေသည်ဟု KIA ရှေ့တန်း အရာရှိများက ပြောသည်။ ယင်းနေရာသည် ၂၀၁၁ ခုနှစ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ်က ပထမဆုံး တိုက်ပွဲ ဖြစ်ပွားရာ နေရာလည်း ဖြစ်သည်။ “အနီးကပ်မှာရှိနေတယ် ၁ ဖာလုံတောင်ရှိဘူး ပစ်ခတ်မှုလည်းရှိလာနိုင်တယ် ဒါမဲ့ ပစ်တော့မပစ်သေးဘူး နှစ်ဖက် တပ်ကနေ စောင့်ကြည့်နေကြတယ် သူတို့ဘက်ကလည်းသတိနဲ့နေကြတယ် ကျနော်တို့ဘက် နေနေကြ တယ်” ဟု KIA အရာရှိ တဦးက ပြောသည်။ KIA တပ်မဟာ (၅) လှုပ်ရှားရာ ဒေသအတွင်း (တာခေါ်ခ) တာပိန်ရေအား လျှပ်စစ် ဓာတ်အားပေးစက်အနီးတွင် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ မှ တပ်ဖွဲ့ တဖွဲ့က ယခုလ အတွင်း စခန်း တိုးချဲ့ ချထားခြင်း ဖြစ်သည်။ ထိုအစိုးရတပ်စခန်းသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၅)အောက် KIA တပ်ရင်း ၂၅ ၏ ရှေ့တန်းစခန်းအနီးတွင်ရှိနေပြီးအစိုးရတပ်စစ်အင်အား ၄၀ ကျော်ဖြင့် စခန်းချလှုပ်ရှားနေကြောင်းသိရသည်။ ထိုနေရာသည် ၂၀၁၁ ဇွန်လ ၉ ရက်နေ့ တိုက်ပွဲစတင်ဖြစ်သည့် နေရာဖြစ်ပြီး ယခင်က အစိုးရတပ်စခန်း မရှိသော် လည်း ယခုချိန် တာပိန်ရေအား လျှပ်စစ် ဓာတ်အားပေးစက် လုံခြုံရေးခေါင်းစဉ်ဖြင့် စခန်းချ လာခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများဖြစ်ပွားပြီး ၎င်းတာပိန်ရေအားလျှပ်စစ်ဓာတ်အားပေးမှုကိုရပ်ဆိုင်းခဲ့သော်လည်း ယခုချိန် ၎င်းလျှပ်စစ် ဓာတ်အားပေးစက်ရုံမှလျှပ်စစ်မီးများပြန်လည်ပေးနေပြီ ဖြစ်သည်။





Inga kommentarer:

Skicka en kommentar