ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားမျာျး(ဒုတိယအကြိမ်ထပ်မံ အသိပေးခြင်း)
လမ်းသွယ်(တစ်)ကျောက်ဖျာလမ်းသွယ်(နှစ်)ဆုံရာ တွင် မှုးယစ်မှောင်ခိုသမားများ ပေါ်တင်ရောင်းချနေသည်မှာ မြင်မကောင်းအောင်ဖြစ်နေပါသည် ဆယ်တန်း ကျောင်းသားများအများဆုံးတက်ရောက်သည့် ဘော်ဒါဆောင်နှစ်ခု အနီးတွင်ဖြစ်နေသည့်အတွက်ကျောင်းသားများအတွက် မိဘများအထူးစိုးရိမ်နေရကြောင်းကြားသိရပါသည်။
မှုးယစ်ဆေးရောင်းသူများမှာ ငါတို့က မှုးယစ်ကိုလိုင်းကြေးပေးပြီးရောင်းတာ ဘယ်ကောင်မှဂရုမစိုက်စရာမလိုဘူးဆိုသည့်အထာနှင့် ပေါ်တင်ပင်ရောင်းချနေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ခရိုင်ရဲရုံးနှင့်လည်း လှမ်းကြည့်ရင်မြင်နိုင်သည့်အနေထားတွင်ထိုကဲ့သို့မင်းမဲ့စရိုက်ဆန်စွာရောင်းချနေသည်မှာ လွန်စွာရုပ်ဆိုးအကျဉ်းတန်နေပြီး ထိုရောင်းသူများထဲတွင် ဘဲခွီခြံထဲတွင်နေသည့် (စိုးဝင်းနှင့်ဘုကုန်း)ဆိုသူသည် တစ်နေရာထဲထိုင်ရောင်းချခြင်းမပြုဘဲ ထိုလမ်းဆုံမှ ကျောက်ဖျာလမ်းသွယ်နှစ်ထဲသို့ ကူးလူးခေါက်ပြန်လျှောက်ပြီး ရွေ့ပြောင်းစနစ်ရောင်းချနေသည့်အတွက် ဖမ်းဆီးရေးတွင် စိတ်အနှောက်ယှက်ဖြစ်စရာများရှိနိုင်ပါသည်။ထို့ကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ သေချာစွာစုံစမ်းပြီးမှ
ပြစ်မှု့ကျူးလွန်သူကို ထိရောက်စွာ အရေးယူနိုင်ပါရန် မြေပုံနှင့်တစ်ကွတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ခုလို နာမည်နှင့်တစ်ကွ ပထမအကြိမ်တင်ပြထားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ဒုတိယအကြိမ် ထပ်မံတိုက်တွန်းလိုက်ရပါသည်။ ထိုသို့တိုက်တွန်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိပါက ဒီဗွီဘီသို့လည်းကောင်း သက်ဆိုင်ရာ အထက်လူကြီးများသို့လည်းကောင်း တင်ပြသွားမည်ဖြစ်ပြီး ထိုသို့ အထက်လူကြီးများသို့မဟုတ် ဒီဗွီဘီသို့ တင်ပြအကူညီတောင်းခံပါက လာဘ်စားထားသည့်ရဲများနှင့်မှုးယစ်ဌာနမှတာဝန်ရှိသူ များကို နာမည်အတိအကျနှင့်လက်ဆောင်ဝယ်ပေးသည့်ဖုန်း ပိုက်ဆံများကိုအတိအကျဖေါ်ထုတ်သတင်းပေးသွားမည်ဖြစ်ပါကြောင်း.........မိမိ အမည် ရာထူး အရှိန်အ၀ါ မပျောက်ချင်ရင် ကျွန်မပြောတဲ့အတိုင်းအမြန်ဆုံးအရေးယူဆောင်ရွက်ပေးနိုင်ပါရန် ထပ်မံအသိပေးနိုးဆော်လိုက်ရပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar