DSIအကြီးဆုံး အမျိုးသမီး စုဝဏ
John Smith
ဘန်ကောက်ပို့စ်
ဒီနေ့ ညနေပိုင်းသတင်းမှာ
လိပ်ကျွန်းလူသတ်မှု နဲ့ပက်သက်ပြီး ၀င်းနှင့် ဇော်တို့ရဲ မိဘများဟာ
DSI ဆိုတဲ့ Department of Special Investigation ကို စစ်ဆေးရာတွင်
ရဲနှင့် စကားပြန်က ညှင်းပမ်းနှိပ်စက်တဲ့ကိစ္စ ပက်သက်ပြီး တရားမျှတစွာဆောင်ရွက်ပေးရန်
တောင်းဆိုလိုက်ပါသည်။ ဆက်လက်ပြီး DSI ဟာ ကော့တောင်လူသတ်မှုကို အထူး ကိစ္စတရပ်အနေနှင့် ဆောင်ရွက်ပေးပါရန်တောင်းဆိုလိုက်ပါတယ်။
ရှေ့နေများကောင်စီက စူရဖုန်ကတော့ DSI ကို ကော့တောင် ကိစ္စ နှင့်ပက်သက်ပြီး ပါဝင်စေလိုခြင်းမှာ ထိုင်းရဲများကို မှားသည် ၀င်းနှင့် ဇော်မှားသည် ဟု ပြောဆိုခြင်း မဟုတ်ပဲ၊
ထိုင်းနိုင်ငံမှာ လူတိုင်းကို လူ့အခွင့်ရေးနှင့်ကာကွယ်ထားပြီး မည်သည့်နိုင်ငံသားအတွက်မဆို တရားမျှတမှု ရှိတယ် ဆိုတာ သေချာစေချင်လို့ဖြစ်ပါတယ်ဟု ပြောသွားပါတယ်။
မိဘများနဲ့အတူ ရှေ့နေကောင်စီနှင့် သံရုံးမှ ကိုယ်စားလှယ်များလိုက် အတူတကွ လိုက်ပါဆောင်ရွက်ပေးပါသည်။
အောက်ပုံကတော့ DSI တံဆိပ်နှင့် အကြီးဆုံး အမျိုးသမီး စုဝဏ Suwana Suwanjuta.ပုံဖြစ်ပါတယ်။

Inga kommentarer:
Skicka en kommentar