အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 7 november 2014

သတ္တိရှင် ပါရှန်အမျိုးသမီးတဦးရဲ့ လေးစားလောက်တဲ့သေတမ်းစာ

သတ္တိရှင် ပါရှန်အမျိုးသမီးတဦးရဲ့ လေးစားလောက်တဲ့သေတမ်းစာ




ဝေ ဖြိုး

အီရန်မှာ ပြီးခဲ့တဲ့တပတ်စနေနေ့က ရေဟာနီ ဂျေဘာရီဆိုတဲ့ အသက် (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ သူကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အီးရန်ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဆရာဝန်ကိုသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်တယ်။ မော်တေဇာဆာဘာနီဆိုတဲ့ အဖိုးကြီးက သူ့ရုံးခန်းကိုအလုပ်ကိစ္စ အကြောင်းပြခေါ်ပြီး အဓမ္မကျင့်ဖိုးကြိုးစားလို့ ပြန်လည်ခုခံသတ်ဖြတ်ခဲ့တာလို့ဆိုတယ်။ ဒါပေမယ် တရားရုံးကတော့ ဒါဟာတမင်ကြိုတင်ကြံစည်သတ်ဖြတ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မေတ္တာရပ်ခံနေတဲ့ကြားက ခုလိုသေဒဏ်ပေးကွပ်မျက်ခဲ့တာဖြစ်တယ်။
အခင်းဖြစ်ပွားစဉ်က ၂၀၀၇ တုန်းက ရေဟာနီ ဂျေဘာရီဟာ အသက် ၁၉နှစ်သာရှိပါသေးတယ်။ သူကိုသေဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ ကမ္ဘာတဝှန်းက လူသန်းပေါင်း၈ဏန်းက လက်မှတ်ထိုးအရေးဆို မေတ္တာရပ်ခံခဲ့ကြတယ်။
သူကိုကြိုးပေးမကွပ်မျက်မှီ သောကြာနေ့မှာ သူအမေနဲ့ပေးတွေ့စဉ်မှာ အလွန်လေးစားစရာကောင်းတဲ့ မှာတမ်းစာနှစ်ခုပြောခဲ့ ချန်ထားခဲ့ပါတယ်။ တစောင်ကသူ့ကို အဓမ္မကျင်ဖို့ကြိုးစားခဲ့တဲ့ မုဒိမ်းကောင် သက်ကျားအိုနဲ့ သူ့တို့ရဲ့ ဖောက်ပြန်သူရေပေါ်ဆီအသိုင်းအဝိုင်းကိုရည်ညွန်းပြီး၊ နောက်မှာတမ်းကတော့ သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းပါတယ်။

" ကမ္ဘာလောကကြီးမှာ ၁၉ နှစ်တာနေထိုင်ခွင့်ရခဲ့တယ်။ ကြမ္မာငင်တဲ့အဲဒီညမှာတော့ ငါဟာ အသတ်ခံရဖို့၊ ပြီးတော့ မြို့စွန်လမ်းထောင်နေရာမှာ ငါ့အလောင်းကို ပစ္စလက်ခတ်စွန့်ပစ်ခံရမယ်၊ နောက်မှ ပုလိပ်ကတွေ့ပြီး စစ်ဆေးတဲ့အခါ ငါဟာအဓမ္မပြုကျင့်တာလဲ ပေါ်လာမယ်ဆိုတဲ့ အကြောင်းဖန်လာခဲ့တယ်။အဲဒီလူသတ်မုဒိမ်းမှုကောင်ဟာလဲ သူ့ရဲ့ငွေကြေးဓနအင်အားနဲ့ သူရဲ့ဒုစရိုက်မှုဟာ ဘယ်တော့မှ အမှုမှန်မပေါ်ပဲ ပျောက်ဆုံးသွားမှာ အသေအချာပဲ။ သူလဲအဲဒီ ဒုစရိုက်မှုကိုပိုက်ပြီး နှစ်အနည်းငယ်တော့နေကောင်းဆက်နေထိုင်နိုင်မယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်ရပ်က အဲလိုမဟုတ်တော့ပဲ ဒုစရိုက်ကောင်ရဲ့ ကံအကျိုးပေးကိုလိုက်ပြောင်းသွားခဲ့ရတယ်။ ခုတော့ငါလဲ သတ်ဖြတ်မုဒိမ်းကျင်ခံပြီး လမ်းဘေးမှာ စွန့်ပစ်ခံရမဲ့ အဖြစ်က ကင်းဝေးခဲ့တယ်။ ဒီ အီဗင် အကျဉ်းထောင်ရဲ့ သုသာန်မြေမှာ လဲလျောင်းခွင့်ရရတော့မယ်။ ဆိုးလှတဲ့ကံရယ်လို့ ကြမ္မာကိုယိုးမယ်မဖွဲ့တော့ပါဘူး၊ သေလွန်ခြင်းဟာ ဘဝရဲ့ အဆုံးသတ်နိဂုံးမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြမှာပါ" တဲ့။

သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းတဲ့မှာတမ်းစာမှာတော့ "ကျွန်မကိုယ်ကျထက်တောင်ပိုပြီး တွယ်တာရတဲ့ ကြင်နာမှုတွေနဲ့အမေရယ်၊ ကျမရဲ့ကိုယ်ခန္ဓာကြီးဟာဒီလိုပဲ မြေအောက်မှာ အလဟဿ.....ပုပ်သိုးဆွေးမြေ့သွားမှာကိုကျမ မလိုလားပါဘူး။ ကျမကိုကြိုးပေးကွပ်မျက်ပြီးတာနဲ့ ကျမရဲ့ အသဲနှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ အရိုးနဲ့ ကျမရဲ့ကိုယ်ခန္ဓာက အသုံးဝင်သမျှ အစိတ်အပိုင်းအားလုံးကို တခြားအစားထိုးကုသဖို့လိုအပ်နေသူ အားလုံးကို ကျမရဲ့လက်ဆောင်အဖြစ် ပေးလျူပေးဖို့တောင်းပန်ပါတယ်။ (မွတ်ဆလင်တို့ရဲ့ ယုံကြည်မှုအရ ကွယ်လွန်သူတွေအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးပြည့်ပြည့်စုံစုံနဲ့ သင်္ဂြိုလ်ဖို့ တမလွန်အတွက်အလွန်ရေးကြီးပါတယ်) ဒီလက်ဆောင်အတွက် သူတို့ဟာကျမအတွက်ပန်းခွေတခုပေးစရာမလို၊ ဆုတောင်းပေးစရာလဲမလို နောက်ဆုံးကျမရဲ့နံမည်ကိုတောင် သိစရာမလိုပါဘူး။ ကျမနှလုံးသားထဲကစကားကိုအမှန်အတိုင်းပြောရရင် အမေလဲကျမအတွက် အုတ်ဂူလေးဆောက်ပြီး ကျမအတွက်လာလာပူးဆွေးမနေစေလိုပါ၊ ဝမ်းနည်းမှုအမှတ်နဲ့ အဝတ်နက်တောင်မဝတ်စေလိုပါ။ ကျမရဲ့ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေကို မေ့ဖျောက်ဖို့ကြိုးစားရင်း ကျမရဲ့ဝိညာဉ်ကိုသယ်ဆောင်သွားမဲ့ လေပြေညှင်းလေးတခုကိုသာ ဆောင်ယူလာစေချင်ပါတယ်။





Inga kommentarer:

Skicka en kommentar