အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 15 november 2014

အမျိုးသား ပညာရေး ဥပဒေကို ရန်ကုန်မြို့လယ်ခေါင်တွင် သပိတ်မှောက် ဆန္ဒပြ


အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ အနေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ   ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဒီနေ့ လှည့်လည်ဆန္ဒပြ နေကြပါတယ်။

ကျောင်းသား ၅၀၀ ကျော်တက်ရောက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ရန်ကုန်မှာ ၂ ရက်ကြာ ကျင်းပပြီးနောက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းကာ ဆန္ဒပြပွဲတွေကို လုပ်ဆောင်ခဲ့တာပါ။

ဦးဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကတော့ ကျောင်းသား ၄၀၀  လောက် ရန်ကုန်ဘူတာကြီးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း ချီတက်လာပြီး ဘုရားကို ပတ်ကာ မဟာဗန္ဓုလပန်းခြံမှာ ကြွေးကြော်သံတွေ တိုင်တည် ဆန္ဒပြနေတယ်လို့ ပြောပါတယ်။

“ချီတက်လာတဲ့ လမ်းတလျှောက်မှာတော့ လုံခြုံရေးက တားမြစ်တာမျိုးတွေ၊  ဖြတ်သန်းခွင့်မပြုတဲ့အကြောင်း လာပြီးတော့ တားမြစ်တာမျိုးတွေတော့ ရှိတယ်။ လောလောဆယ်မှာတော့ ဆန္ဒပြတဲ့နေရာနားအထိ ရောက်လာတာမျိုးမရှိပေမယ့် အရပ်ဝတ်နဲ့ စောင့်ကြည်တာမျိုးတွေလည်း ရှိပါတယ်” လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဆန္ဒပြပွဲဟာ ခွင့်ပြုချက်တစုံတရာ ရယူခြင်းမရှိဘဲ ပြုလုပ်တာဖြစ်ပြီး ဖြစ်လာတဲ့အရာတွေ အားလုံးကို ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ကို အိုဘားမားရောက်ရှိနေချိန်မှာ ဆန္ဒပြတာဖြစ်ပြီး အိုဘားမားနဲ့ တွေ့ဆုံဖို့ဖိတ်ကြားထားပေမယ့် မသွားရောက်ပဲ မဖြိုးဖြိုးအောင်က  ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို နိုင်ငံတ၀န်းက ကျောင်းသားတွေ ကန့်ကွက်နေပေမယ့် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဒီ ပညာရေးဥပဒေဟာ လူ့အခွင့်အရေး တန်းတူညီမျှမရဘဲ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မရှိတဲ့သလို ပညာရေးစနစ်ကို စီမံခန့်ခွဲရာမှာ အစိုးရက ထိန်းချုပ်တာနဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက်ခွင့် အားနည်းမှုတွေ ရှိနေတဲ့အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် မပေးထားသလို လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ကန့်သတ်ထားပြီး ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းပေးမှု မရှိတာတွေဟာလည်း ကျောင်းသားထု အခွင့်အရေးကို ပစ်ပယ်ပြီး အဖိနှိပ်ခံ ပညာရေးစနစ်သာဖြစ်တယ်လို ကျောင်းသားသမဂ္ဂနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

 By ကို​ထွေး​ (ဒီဗွီဘီ)


                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar