အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 15 november 2014

အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်



မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးက အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့နေလယ်ပိုင်းက ရန်ကုန် ဘူတာကြီးရှေ့ကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ပြည်သူတွေနဲ့ ကျောင်းသားတွေ သဘောဆန္ဒမပါပဲ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ဖျက်သိမ်းပေးဖို့ တောင်းဆို တာဖြစ်ကြောင်း ကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ဒီမိုကရေစီပညာရေးရရှိရေးနဲ့ ပြည်သူနဲ့ကျောင်းသားတွေကို အခြေမခံတဲ့ အမျိုးသားပညာရေးဥပဒေ အလိုမရှိစတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သွားဖို့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဗကသကအဖွဲ့ဝင် ၆ ဦး၊ တကသက ၆ ဦး၊ မြေလတ်ဒေသက ကျောင်းသားခေါင်းဆောင် ၃ ဦးတို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese


                                         မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar