အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 9 november 2014

"အကြွင်းမဲ့ဖျက်သိမ်း သဂြို င်္လ်ပစ်ရမဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ တောရိုင်းဥပဒေ "-ဆောင်းပါးရှင်-မင်းကောင်းချစ်

“ အကြွင်းမဲ့ဖျက်သိမ်း သဂြို င်္ပစ်ရမဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ တောရိုင်းဥပဒေ ”

အဟိတ်တိရိစ္ဆာန်လောကမှာ အစွယ်ရှိတဲ့သတ္တ၀ါကအစွယ်နဲ့ လက်သည်းရှိတဲ့သတ္တ၀ါက လက်သည်းနဲ့  ခွန်အားကြီးတဲ့အကောင်က ခွန်အားနည်းတဲ့အကောင်ကို အနိုင်ကျင့်ကိုက်ဖြတ် စားသောက်ပစ်လေ့ရှိတာကို တောရိုင်းဥပဒေသလို့ လူတွေကသတ်မှတ်ကြတယ်။
လူ့ လောကထဲမှာလည်း အဟိတ်တိရိစ္ဆာန်စိတ်မျိုးရှိတဲ့ ခွန်အားနည်းသူတွေအပေါ် အနိုင်ကျင့်တတ်တဲ့လူတွေ၊ လက်နက်အားကိုး အာဏာအားကိုးနဲ့ ဗိုလ်ကျတတ်တဲ့လူညစ်လူစုတ်၊ လူယုတ်မာတွေအမြဲပေါ်လေ့ရှိပါတယ်။

ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေမှာတော့ အဲ့ဒီလိုလူ့ တိရိစ္ဆာန့်တွေကို လူ့ ကျင့်ဝတ်တွေ၊ တရားဥပဒေတွေ ရေးဆွဲပြဌာန်းပြီး အရေးယူအပြစ်ပေး တားမြစ်ကြရတယ်။ လူကောင်းသူကောင်းတွေကိုကာကွယ် စောင့်ရှောက် ဖို့ အများလက်ခံတဲ့ မှန်ကန်မျှတတဲ့ တရားဥပဒေတွေပြဌာန်းစီမံကြရတယ်။
စစ်အာဏာရှင်တွေကြီးစိုးလွှမ်းမိုးတဲ့ မယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀ိုင်းတွေမှာတော့ ဗီဇဆိုး စရိုက်ဆိုးနဲ့ လူုဂျပိုးစစ်ဂျပိုးတွေကို မတရားတဲ့ အမိန့် အာဏာတွေ အများပြည်သူအလိုမတူ မကြည်ဖြူတဲ့ဥပဒေတွေ ဇွတ်အဓမ္မ ပြဌာန်းပြီး အကာကွယ်ပေးထားလေ့ရှိတယ်။ ကျားကိုအတောင်ပန်တပ်ပေးသလိုဖြစ်တာမို့  လူဆိုးသူခိုး တွေက လူကောင်းသူကောင်းတွေကို ထင်သလိုအနိုင်ကျင့်စော်ကားသတ်ဖြတ်နိုင်တယ်။ တို့ တိုင်းပြည်မှာ လက်ရှိအသက်ဝင်နေတဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…အများပြည်သူ အလိုမတူ မကြည်ဖြူတဲ့ တောရိုင်းဥပဒေဆိုးတရပ်သာဖြစ်တယ်။

ဒီဖွဲစည်းပုံအခြေခံဥပဒေဆိုးဟာ… အဟိတ်တိရိစ္ဆာန်စိတ်မျိုးရှိတဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို အပြည့်အ၀ကာကွယ်ပေးထားတဲ့အပြင်…တိုင်းသူပြည်သားတွေကို စိတ်ကြိုက်ဗိုလ်ကျပိုင်ခွင့် ၊ လူသတ်ပိုင်ခွင့်၊ မြေယာသိမ်းပိုင်ခွင့်၊ သူများသားမယားကို မဒိန်းကျင့်ပိုင်ခွင့်၊ တိုင်းပြည်ဘဏ္ဍာဖေါက်စားပိုင်ခွင့်၊ နိုင်ငံပိုင် သယံဇာတတွေရောင်းစားပိုင်ခွင့် ၊ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးပိုင်ခွင့် စတဲ့မကောင်းတာမှန်သမျှ လုပ်ပိုင်ခွင့်တွေ ချွင်းချက်မရှိအပ်နှင်းထားတာပါ။
လာခြင်းမကောင်းတဲ့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ သန္ဓေတည်တာကိုက (၁၉၉၀) အထွေထွေရွေးကောက်ပွဲကြီးမှာ အထင်အရှားပြသခဲ့တဲ့ ပြည်သူလူထုရဲ့ဆန္ဒကိုငြင်းဆန်ဖို့ အကြောင်းကို အခြေခံခဲ့တယ် ။ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့အကျိုးစီးပွားကို ရေကုန်ရေခမ်း ကာကွယ်စောင့်ရှောက်ဖို့  ရည်ရွယ်ရေးဆွဲခဲ့တာပါ ။

အမိယုတ်တဲ့သမီးး..နှုတ်ကြမ်း၊ အဖယုတ်တဲ့သား..ကိုယ်ကြမ်း၊ အမိရော အဖရော ယုတ်တဲ့သားသမီးဟာ.. နှုတ်ကြမ်းကိုယ်ကြမ်း ကိုယ်စိတ်နှလုံး သုံးပါးစလုံးကြမ်းသူတွေဖြစ်တတ်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ အုပ်ထိန်းသူမိဘကိုယ်တိုင်က အသိတရားနိမ့် ကျနေပြီး ရှေ့ကဆဲဆိုရိုင်းပြအကြမ်းဖက်ကြရင် နောက်ကသားသမီးတွေကလည်း အတုခိုးပြီး ဆဲဆိုရိုင်းပြအကြမ်းဖက်တတ်တဲ့သဘောပါဘဲ ။ မိဘကိုယ်တိုင်မကောင်းမှု့တွေလုပ်၊ သားသမီးတွေမကောင်းမှု့လုပ်တာလည်းမတားမြစ်တဲ့အပြင် အားပေးအားမြှောက်ပြုရင်း အကုသိုလ်သံသရာလည်နေကြတဲ့သဘောပါဘဲ။

လတ်တလောဖြစ်ပွားခဲ့တဲ့ အလွတ်သတင်းထောက်ကိုပါကြီးကို စစ်တပ်က ဥပဒေမဲ့သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ဟာလည်းအထက်မှာ ဖေါ်ပြခဲ့သလို အမိရော အဖရော ယုတ်တဲ့သားသမီးဟာ..နှုတ်ကြမ်း ကိုယ်ကြမ်း ကိုယ်စိတ်နှလုံး သုံးပါးစလုံးကြမ်းလို့ ဖြစ်ပေါ်လာတဲ့ရလာဒ်ပါဘဲ။ လက်ရှိမြန်မာ့တပ်မတော်ကို ထိန်းကွပ်နေတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က ပြည်သူတွေကိုသတ်ဖြတ်ပြီး အာဏာသိမ်း၊ လယ်တွေသိမ်း၊ ယာတွေသိမ်း၊ ဥပဒေအထက်မှာ..ထင်သလိုချယ်လှယ်ဗိုလ်ကျပြခဲ့တော့ သူတို့ ရဲ့ လက်အောက်ခံ စစ်ဗိုလ် စစ်သား တွေကလည်း ကိုယ်ရတဲ့ အာဏာပါဝါနဲ့ ပြည်သူပြည်သားတွေကို ထင်သလိုညှင်းပမ်းနှိပ်စက်သတ်ဖြတ်ကြတာ မဆန်းတော့ဘူးမဟုတ်လါး။
အဲ့ဒီလို အယုတ်ဆိုးအကျဉ်းတန်တဲ့ မတရား အနိုင်ကျင့်စော်ကားသတ်ဖြတ်မှု့ ကုဋေကုဋာဟာ တိုင်းရင်းသား ဒေသတွေနဲ့ တောရောမြို့ပါမကျန် ဖြစ်ပွားခဲ့ပေမဲ့ မတားမြစ်မဆုံးမတဲ့ ပထွေးနဲ့ တူတဲ့မိဘလို စစ်ဗိုလ်ချုပ်ကြီး တွေက အရေးယူအပြစ်ပေးမှု့ တကြိမ်တခါမှာ့မလုပ်ခဲ့ပါဘူး။ ဒါဟာဆက်လုပ်ကြဟေ့လို့ အားပေးအားမြှောက် ပြုထားတာပါဘဲ ။
တပ်မတော်ရဲ့ဖခင်အစစ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာသာ…ကိုပါကြီးကိုစစ်တပ်က အခုလို ဥပဒေနဲ့ မညီဘဲ သတ်ဖြတ်ခဲ့ရင်… ၈၈၈၈ လေးလုံးအရေးတော်ပုံကာလတုံးကလို ပြည်သူတွေကို ထောင်နဲ့ ချီ သတ်ဖြတ်ခဲ့ရင် တာဝန်ရှိသူ တွေကို စုံစမ်းဖေါ်ထုတ်ပြီးပြင်းပြင်းထန်ထန်အရေးယူမှာအသေအခြာပါဘဲ ။
အခုဒီစစ်အစိုးရကတော့ သတ်ဖြတ်မှု့မှာ တာဝန်ရှိသူတွေကိုအရေးယူအပြစ်မပေးတဲ့အပြင် အဖြစ်အမှန်တွေ ကိုဖုံးဖိ၊ သတ်တဲ့သူတွေလုပ်တာမှန်သယောင် ပြောဆိုနေခြင်းဟာ…လူသတ်အားပေး လုပ်နေတာပါဘဲ။ နှောင်လဲ ဆက်သတ်ကြဟေ့လို့ တိုက်တွန်းနေတာနဲ့ အတူတူပါဘဲ ။

ဒီနေ့ အောက်တိုဘာ ( ၃၁) ရက်နေ့ မှာ ကျင်းပသွားတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတအိမ်တော် မှာကျင်းပသွားတဲ့ ဆွေးနွေးပွဲဟာ ထူးမခြားနား အယောင်ပြဆွေးနွေးပွဲနောက်တခုလို့ ဆိုရမှာပါဘဲ။ တိုင်းပြည်ရဲ့တကယ့်ပြသနာ အစစ်အကြပ်အတည်းတွေကို တိတိကျကျ ဆွေးနွေးညှိနိုင်းအဖြေရှာဘို့ ကျိုးစားရမှာကို မလုပ်ဘဲ အချိန်ဆွဲ ကောင်းယုံ… အပေါ်ယံရှပ် ဆွေးနွေးပြပြီး နိုင်ငံရေးအမြတ်ထုတ်လိုက်တယ်လို့  ခံစားရပါတယ် ။
ဦးသိန်းစိန်တို့ ရဲ့ စစ်ဘောင်းဘီချွတ်အစိုးရ ဦးစီးဆောင်ရွက်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အပစ်ရပ်ဆွေးနွေးပွဲတွေ မအောင်မြင်ဘဲ လိပ်ခဲတည်းလည်းဖြစ်နေရခြင်းရဲ့ အခြေခံ အကြောင်းတရားကို လူတိုင်းသိဘို့ ၊ သတိပြုမိဘို့ အလွန်အရေးကြီးပါတယ်။

အဲ့ဒါဟာဘာလည်းဆိုရင် အခုချိန်ထိ (၉၀)% သော အခွင့်အရေးမဲ့ အဖိနှိပ်ခံလူများစုကြီးနဲ့ (၁၀)%သော အခွင့်ထူးခံ ဖိနှိပ်သူလူနည်းစုကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာပဋိပက္ခကြီးကို ပွင့်ပွင့်လင်းလင်း ညှိနိုင်းဆွေးနွေး အပေးအယူမလုပ်ကြဘဲ …ကိုယ်လုပ်ခြင်တာလုပ်ဖို့  ကိုယ့်ဘက်ကို အသာစီးရဖို့ အနိုင်ရဘို့  တဖက်ကို အမြစ်ဖြတ်ချေမှုန်းဖို့  ကျိုးစားနေကြလို့ ပါဘဲ ။ တရားဥပဒေစိုးမိုးမှု့မရှိအောင်…လုပ်ထားတဲ့ လက်သည်တရားခံ ပြသနာအရင်းအမြစ်ဟာ (၂၀၀ဂ) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ။ ဒီဥပဒေကို ပြင်ဆင်ဖို့ (သို့ ) ဖျက်သိမ်းလို့ မရအောင် လုပ်ထားတာက ပုဒ်မ ( ၄၃၆) ပါ။ အဲ့ဒီပုဒ်မကို ပြင်ဆင်ဘို့ က တပ်မတော်သားအမတ် ( ၂၅)% နောက်ဆုတ်ပေးမှဖြစ်မှာပါ ။

ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ လေးပွင့်ဆိုင်ပုံစံဆွေးနွေးပွဲဆိုတာ အဲ့ဒီပုဒ်မ (၄၃၆) ကိုပြင်နိုင်ဘို့  ၁၅%လျှော့လျှော့ ၂၀% လျှော့လျှော့ တပ်မတော်သားအမတ်တွေလျှော့ချနိုင်သမျှလျှော့ချနိုင်အောင် အများပြည်သူရှေ့ မချပြခင် တပ်မတော်ခေါင်းဆောင်တွေနဲ့ အကြိုညှိနိုင်းဆွေးနွေးရင်း (၁၀)%သော အခွင့်ထူးခံလူနည်းစုရဲ့ အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ကိုလည်းအာမခံပေးနိုင်မဲ့ နည်းလမ်းတွေ အတူရှာဖွေနိုင် ဘို့ ဖြစ်ပါလိမ့်မယ်။ ထိပ်သီးခေါင်းဆောင်လေးယောက့်အကြိုညှိနိုင်းသဘောတူပြီးမှာ့ ကိုယ့်အုပ်စုကိုယ် ရှင်းလင်းချပြ ဖျောင်းဖြကြရင် အငြင်းအခုံနည်းပြီး ပိုထိရောက်နိုင်မယ်ထင်ပါတယ် ။ ပြည်သူလူထုကို အတိုင်းအတာတခုထိ ဖျောင်းဖြနှစ်သိမ့်နိုင်တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းဖြစ်တယ်ဆိုတာ စစ်ဗိုလ်ချုပ်ကြီးတွေ ရဲရဲရင့်ရင့်မြင်နိုင်ဘို့ လိုသလို၊ လက်ရှိနိုင်ငံရေးအခြေနေအရပ်ရပ်ကို မှန်မှန်ကန်ကန်မြင်နိုင်ပြီး ပြည်သူတွေရဲ့ဆန္ဒကိုဖြည့်ဆီးဖို့ ရိုးသားမှု့တွေပြဖို့ အချိန်ရောက်နေပါပြီ။

လူကိုလူလိုမမြင်တဲ့ ဇရိုက်ဆိုးနဲ့ ဗိုလ်ကျစီးပိုးတဲ့အထုံဓလေ့ကြီးမားတဲ့ စစ်အာဏာရှင်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံတွေဟာ…ဘယ်သောအခါမှ မငြိမ်းချမ်းပါဘူး ။ ကိုယ်.အမိန့် နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာ ပေးမြှောက်စားတတ်၊ နေရာမှန်လူမှန်မရှိဘဲ ထင်သလို ဆုံးဖြတ်၊ လူ့ ဂုဏ်သိက္ခာကို…တန်ဘိုးမထားတတ်တဲ့ လူ့ အဖွဲ့ စည်းတိုင်းမှာ…မတရားမှု့နဲ့ အနိဌာရုံတွေဟာ…ထမင်းစားရေသောက် ကိစ္စလိုလွယ်လင့်တကူအမြဲ ဖြစ်နေလိမ့်မယ် ။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ကို အသက်ဆက်ပေးထားတဲ့၊ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်အပ်နှင်းထားတဲ့၊ ဥပဒေအထက်မှာ စစ်တပ်ကိုနေရာယူခွင့်ပေးထားတဲ့ (၂၀၀၈) ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ကျွန်တော်တို့ တိုင်းပြည်မှာ… အမြစ်ကနေဆွဲနှုတ်တူးထုတ်ပစ်မှသာ ဗမာပြည်မှာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ..လူမှု့အနိဌာရုံတွေရဲ့ ရာခိုင်နှုန်း အများစုဟာတဖြေးဖြေးခြင်းလျှော့ပါး ပျောက်ကွယ် သွားနိုင်မှာပါ ။

ဒါကြောင့် အောက်ပါ ပြည်သူ့သဘောထားအစစ်အမှန် (၄) ရပ်ကိုဖေါ်ပြရင်း ဒီဆောင်းပါးကိုနိဂုံးသတ်ပါတယ်။

(၁) တိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောင်ကယ်တင်မည့်ဗိုလ်ချုပ်များမလိုခြင်ပါ ။ စစ်ဘားတိုက်သို့ သိက္ခာ ရှိစွာပြန်မဲ့ ဗိုလ်ချုပ်များသာလိုခြင်ပါတယ်။
(၂) စစ်ပွဲများအနိုင်တိုက်ပေးနိုင်သောဗိုလ်ချုပ်များမလိုခြင်ပါ ။ ငြိမ်းချမ်းရေးအရယူပေးနိုင်သော ဗိုလ်ချုပ်များ သာလိုခြင်ပါတယ်။
(၃)၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် မဲ့ ဗိုလ်ချုပ်များမလိုခြင်ပါ ။ အဲ့ဒီအခြေခံဥပဒေ ဆိုးကြီးကို ဖျက်သိမ်းပေးမဲ့ ဗိုလ်ချုပ်များသာလိုခြင်ပါတယ်။
(၄) စည်းကမ်းပြည့်ဝသောဒီမိုကရေစီမလိုခြင်ပါ ။ တရားဥပဒေစိုးမိုးသော ပြည်သူ့ ဒီမိုကရေစီသာ လိုခြင်ပါတယ်။

လေးစားစွာဖြင့်
မင်းကောင်းချစ်


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar