မြိတ်-တနင်္သာရီ-ကော့သောင်း ကတ္တရာလမ်းခင်းနေပြီ
ရန်ကုန် သြဂုတ် ၂၁
မြိတ်မြို့မှ တနင်္သာရီဘက်အထွက်
လမ်းပြုပြင်မှုများ မပြတ်တွေ့ရသည်။တချို့နေရာများက ကတ္တရာလမ်းတစ်ပိုင်းတစ်စ၊
အချို့နေရာများက ကတ္တရာသားမရှိ၊ မြေနီလမ်းသဖွယ်ကျောက်ခဲများပေါ်နေသည်။
မြိတ်-တနင်္သာရီကော့သောင်းကားလမ်းကို အပိုင်းလိုက်ခွဲကာ
ကတ္တရာလမ်းခင်းသည့်လုပ်ငန်းဆောင်ရွက်နေပြီ ဖြစ်သည်။
'' တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။
မြိတ်-တနင်္သာရီ-ကော့သောင်းကားလမ်းကိုကတ္တရာလမ်းခင်းနိုင်ဖို့
ပြည်ထောင်စုဘတ်ဂျက်အပါအဝင် တိုင်းဒေသကြီးဘတ်ဂျက်ပါ တင်ပြတောင်းခံထားပြီး
ကြိုးစားဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ဘတ်ဂျက်ကိုလည်း တင်ပြထားတယ်။
ကတ္တရာခင်းတာကိုလည်း လမ်းပိုင်းအလိုက် သတ်မှတ်ဆောင်ရွက်နေပါတယ်''ဟု
တနင်္သာရီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်းက ပြောသည်။
မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းသည်
စုစုပေါင်းအရှည် ၂၆၈ မိုင်ရှိသော်လည်း အချို့လမ်းပိုင်းများမှာ
ကတ္တရာခင်းလမ်းအဖြစ်တည်ရှိနေသဖြင့် အရှည် ၂၂၉ မိုင်ကို
ကတ္တရာခင်းလုပ်ငန်းများအား၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း
ဆောင်ရွက်နေခြင်းဖြစ်သည်။ လမ်းပိုင်းအချို့တွင်ကျောက်ခဲများခင်းနေမှု၊
ကတ္တရာခင်းရန်လမ်းကြိတ်စက်ဖြင့်လမ်းခင်းနေမှုများကို တွေ့ရသည်။
"မြိတ်-တနင်္သာရီလမ်းပိုင်းကအရှည်မိုင် ၅ဝ
နဲ့ ငါးဖာလုံရှိတယ်။အဲဒီလမ်းပိုင်းမှာ အခုအချိန်အထိကတ္တရာ အပြည့်ခင်းပြီးတာ
၃၆မိုင် ငါးဖာလုံရှိနေပါပြီ။ ကျန်တဲ့အပိုင်းကို ဆက်ပြီးခင်းနေတယ်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ကာလအတွင်းမှာ
ကတ္တရာအပြီးခင်းနိုင်ရေးဆောင်ရွက်နေတယ်" ဟု လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးဒေါက်တာကျော်ဆန်းက ပြောသည်။တနင်္သာရီ
တိုင်းဒေသကြီးကမြန်မာနိုင်ငံတောင်ပိုင်းကျကျတွင်တည်ရှိသဖြင့် ယခင်က
လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သော်လည်းယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်
တိုင်းဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက်နေသည်။ ဒေသခံများကလည်း
ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းနိုင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ရန်လိုလား
နေကြသည်။
နေကြသည်။
မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်းကို
ကတ္တရာခင်းလုပ်ငန်းဆောင်ရွက်ရာတွင် BOT စနစ်ဖြင့်
တိုင်းရင်းသားလုပ်ငနှ်းင်များကို လမ်းပိုင်းအချို့လုပ်ကိုင်ခွင့်ပေးထားသည်။
ယင်းလမ်းသည်အရှည်စုစုပေါင်း ၁၄၇ မိုင် နှစ်ဖာလုံရှိသည်။
လက်ရှိအခြေအနေတွင်ကတ္တရာခင်းနေသည့်လမ်းပိုင်းရှိသလို
ကတ္တရာမခင်းရသေးသည့်လမ်းပိုင်းများလည်းရှိနေသည်။
မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတွင်
ကတ္တရာလမ်းခင်းခြင်း၊လမ်းတံတားများ တည်ဆောက်ခြင်း၊ လမ်းခုံး ၁၅ ခုကို
ဖြေချခြင်းစသည့် လမ်းလုပ်ငန်းများကိုလည်းတစ်ပြိုင်နက်တည်း ဆောင်ရွက်နေရာ
မြိတ်မြို့မှ ကော့သောင်းအထိကတ္တရာခင်းလမ်းအဖြစ် မကြာမီကာလအတွင်း
ပေါ်ထွက်လာတော့မည်ဖြစ်သည်။
(မြန်မာ့အလင်း)
ထိုသတင်းကို ဟုတ်မဟုတ်သေချာစုံစမ်းလိုက်တော့ ဘုတ်ပြင်းကော့သောင်းဘဲ့လောလောဆယ်ခင်းနေပြီ ဘုတ်ပြင်း တနင်္သာရီကတော့ မသိရသေးကြောင်းပါ ။
မြူ နှင်း(အေးရိပ်ငြိမ်)
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar