စစ်ဆေးသူများကို ပြန်စစ်ဆေးခြင်း

ဒီညနေ ဘန်ကောက်ပို့စ်က စစ်ဆေးသူများကို ပြန်စစ်ဆေးခြင်း ဆိုပြီး ခေါင်းစဉ်တက်လာပါတယ်။
မနေ့က အင်ဒရူး ရဲ့ ၀က်ဆိုက်ကနေ ပြီးတော့ တရားခံများကို စစ်ဆေးရာ တွင် နှိပ်စက်ခြင်းဆိုပြီး သတင်းတက်လာပါတယ်။ အင်ဒရူးဟာ သူ့ရဲ့ သတင်းကို အင်္ဂလန်သံအမတ်နဲ့လည်း အတည်ပြုပြီး သံအမတ်က အတည်ပြုထားပေးပါတယ်။ ဒီပုံတွေက မြန်မာသံရုံးကို ပို့ထားတဲ့ပုံတွေဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
မြန်မာတွေဘက်ကလည်း သွားရောက် စစ်ဆေးနေကြောင်း ပြောလည်း ပြောထားပါတယ်။
ပထမ ခြင်းလုံးခတ်နေတဲ့ ၉ ဦးကို ဖမ်းရာမှာ အမှုနဲ့ အခုပက်သက်နေတဲ့ ၃ ဦးက
တောထဲထွက်ပြေးသွားစဉ်မှာ ကျန် ၆ ဥိးကို နှိပ်စက်ပြီး ထွက်ပြေးသွားတဲ့ ၃ ဦးအကြောင်းမေးမြန်းစစ်ဆေးတယ်လို့ပြောပါတယ်။
( ကျနော်ပြောချင်တာ တခုက အင်္ဂလန် သံအမတ်က မှန်ကြောင်းအတည်ပြုထားလို့ ထိုင်းအစိုးရအတွက် အနေကြပ်စ၇ာဖြစ်သွားပါပြီ။ ထိုင်းအစိုးရအတွက် အနေကျပ်သွားလို့ ကျွန်းပေါ်မှာရှိတဲ့ မြန်မာအလုပ်သမားတွေလည်း အနေကျပ်ပါပြီ။
သံရုံးကို ဓာတ်ပုံတွေ ပို့တာလည်း ပါတယ်။ အနှိပ်စက်ခံလူတွေလည်း web site မှာ တွေ့ လိုက်ပါတယ်။ ကျနော်အကြံပေးချင်ပါတယ်။ သံရုံးကတဆင့် အင်ဒရူးဆီ ဘာလို့ရောက်သွားတာလဲ။ သတင်းရောင်းစားတာလား။ သံရုံးက သူများတွေရဲ့ လုံခြုံရေးကို နားမလည်ဘူးလား။ ကျွန်းသားတွေကိုလည်း ကျနော်ပြောပါမယ် နောက်တခါကျရင် ဒီလို ပုံတွေမပို့ပဲ ဒါဏ်ရာနဲ့ သတင်းလောက်ပဲ ပေးပါ။ သူတို့လာစစ်လို့ ကိုယ်ထင်ပြရတယ်ဆိုလည်း ပြသနာမရှိပါဘူး။)
လင်းထုန်မာန်
ထိုင်းမှာ စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်ကူညီရေး မေးမြန်းချက်
https://soundcloud.com/burmeserfa/eqm2coskupso

အကျီအဖြူနဲ့ သူက ကိုရဲ (စကားပြန်) ဆူရတ်မှာနေတယ်၊ အင်္ကျီအပြာနဲ့ နဲ့က ကိုကမာ (ကော့စမုံက ရိုတီရောင်းသူ) ။ဘာသာပြန်တယောက်က ရဲ နဲ့ ပေါင်းပြီး ကျွန်းက ဗမာတွေကို ဒုက္ခပေးပေးနေကြလို့ပြောတယ်။(လင်းယုန်မာန်)
Inga kommentarer:
Skicka en kommentar