အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 8 oktober 2014

ထိုင်းရဲတွေရဲ့ စိမ်းလဲ့ကန်သာအမှု (သို့မဟုတ်) စိန်ပြာအမှု

ထိုင်းရဲတွေရဲ့ စိမ်းလဲ့ကန်သာအမှု (သို့မဟုတ်) စိန်ပြာအမှု


ဂါ မဏိ
(အခုထိမဖော်နိုင်သေးတဲ့ ၁၉၈၉ ခုနှစ်တုံးကအမှု)
၁၉၈၉ ခုမှာ ဆော်ဒီအာရေဗျနန်းတော်မှာ ဆော်ဒီမင်းသားတယောက်ဆီ အလုပ်လုပ်နေတဲ့ ထိုင်းအလုပ်သမားတယောက်က မင်းသားရဲ့နန်းစဉ်ရတနာ ဒေါ်လာ သန်း ၂၀ ဖိုးကို ခိုးပြီး ထိုင်းကိုပြန်လာခဲ့တယ်။ ဒီထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စိန်ပြာတလုံးလဲပါတယ်။
ဆော်ဒီကသိသွားပြီး လိုက်တဲ့အခါ ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြန်လာတဲ့အလုပ်သမားကိုဖမ်း၊ လက်ဝတ်ရတနာတွေ ပြန်သိမ်းပြီး ဆော်ဒီနိုင်ငံကိုသွား ပြန်အပ်လိုက်တယ်။
ဒါပေမဲ့ ပြန်အပ်လိုက်တဲ့ရတနာ တဝက်ကျော်က အတုတွေဖြစ်နေပြီး စိန်ပြာကြီးလဲ ပါမလာဘူး (မနူဟာဘုရင်ရဲ့ စိန်လို့ ယူဆရတယ်)။ ထိုင်းသတင်းစာတွေမှာတော့ အကောင်ကြီးကြီးကတော်တွေ အရင်မတွေ့ဖူးတဲ့ စိန်လည်ဆွဲတွေ ဝတ်ပြီး ပွဲတက်တဲ့ ဓာတ်ပုံတွေ ပါလာတယ်။
ဒါကြောင့် ဆော်ဒီအစိုးရက ဘန်ကောက်ကို မင်းမျိုးမင်းနွယ်တယောက်လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အဲ့လူ ပြန်ပေးဆွဲ အစဖျောက်ခံလိုက်ရတယ်။ ဒီအမှုကိုစုံစမ်းနေတဲ့ ဆော်ဒီသံရုံးက သံအရာရှိ ၄ ယောက်လဲ ဘန်ကောက်မှာဘဲ ပစ်သတ်ခံလိုက်ရတယ်။ လက်ဝတ်ရတနာတွေကို အတုလုပ်ပေးတဲ့ ရတနာဆိုင်ရှင်နဲ့ သူ့မိန်းမ၊ သူ့သားလဲ အသတ်ခံလိုက်ရတယ်။
ထိုင်းရဲဒုဗိုလ်ချုပ်ကြီးတယောက်တော့ တရားရုံးတင်ခံရပြီး ရတနာဆိုင်ရှင်သတ်မှုနဲ့ သေဒဏ်ပေးခံရတယ်။ နောက်ပိုင်းမှာ သေဒဏ်ကို နှစ် ၅၀ ထောင်ဒဏ်ပြောင်းလိုက်တယ်။ တရားသူကြီး ၂ ယောက် အလုပ်ထုတ်ခံရတယ်။
ထိုင်းရဲ ၅ ယောက်ကို ဖမ်းပြီး တရားရုံးတင်ခဲ့ပေမဲ့ ၂၀၁၄ ခုမှာ အမှုကို ပလပ်ပေး လိုက်တယ်။
အခုထိ ဒီအမှု သေချာမပေါ်သေးသလို ပျောက်နေတဲ့ရတနာတွေလဲ ပြန်မရသေးပါ။




Inga kommentarer:

Skicka en kommentar