အွန်လိုင်းမှာလူပြောများနေတဲ့ ရေသူမ နဲ့ ပတ် သက် လို့
အွန်လိုင်းမှာ
နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို
တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမဆိုတာကို Pirates of the Caribbean
ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ
ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။
ဒါပေမယ့်
အွန်လိုင်း အသုံးပြုသူတွေကြား ရေသူမ ဆိုတာ တကယ်ရှိတယ်၊ မရှိဘူး၊
အွန်လိုင်းမှာ ခေတ်စားနေ တဲ့ ဓာတ်ပုံ ကလည်း ဒါဟာ ဖိုတိုရှော့ ပါဆိုပြီး
ပြောဆိုငြင်းခုန်နေတာတွေလည်း တွေ့ရပါတယ်။
တကယ်တော့ ဖိုတိုရှော့လည်းမဟုတ်ပါဘူး။ ရေသူမဆိုတာကို ပညာရှင်တွေစုပေါင်းပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့ ကြတာဖြစ်ပါတယ်။
ပညာရင်တဦးပြောထားတာက သူတို့ ဒီရေသူမ ဆိုတာကို တကယ်အသက်ဝင်တဲ့ ပုံရိပ်တခုဖြစ်လာဖို့
လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီး အရိုးစုတွေအကြောင်းလည်း လေ့လာခဲ့ရသလို ငါးတပိုင်း၊ လူတပိုင်း သတ္တ၀ါဆိုတာမှာ ဘယ်လို အရိုးအဆစ်မျိုး ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြတာပါဘဲတဲ့။
လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီး အရိုးစုတွေအကြောင်းလည်း လေ့လာခဲ့ရသလို ငါးတပိုင်း၊ လူတပိုင်း သတ္တ၀ါဆိုတာမှာ ဘယ်လို အရိုးအဆစ်မျိုး ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြတာပါဘဲတဲ့။
နောက်ပိုင်းမှာ တကယ့် အသက်ဝင်တဲ့ ပုံစံဖြစ်ဖို့အရေး အရောင်တွေကိုလည်း သေချာ
စီစဉ်ခဲ့တာ လို့ ဆိုပါတယ်။ လူ့အသားရေနဲ့ ငါး အသားအရေကို ဘယ်လို
ဆက်စပ်ပြီးလိုက်ဖက်ညီအောင်လုပ်ဆောင် ဖန်တီးရတာ တကယ့် အနုပညာပါလို့လည်း
ပညာရှင်တဦးက ပြောပါတယ်။
လူပေါင်းသန်းနဲ့ချီတဲ့ သူတွေကို ရေသူမ တကယ်ရှိတယ်လို့ အငြင်းပွားမှုတွေနဲ့
ထင်မှတ်မှားစေတဲ့ အထိ အနုပညာ မြောက်တဲ့ ရေသူမ အရုပ်ကို သူတို့ ဘယ်လို
လုပ်ကြသလဲဆိုတာ အခုအောက်က ရုပ်သံဖိုင်မှာမြူနှင်း ပရိသတ် တွေ
ကြည့်ရှုနိုင်ပါတယ်။
အိမ့်သံစဉ် ~
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar