ရေထဲ ခုန်ချလိုက်ရာ ငါးမန်းနဲ့ ပက်ပင်းတိုး
သြစတေးလျ က ရေကူးသမား လူစွန့်စား စတန့် သမား တယောက် ရေထဲကို ခုန်ချလိုက်စဉ်မှာပဲ ငါးမန်းနဲ့ ပက်ပင်း တိုးခဲ့ပါတော့တယ်။
ရေထဲ မခုန်ချခင် ကတည်းက
လမ်းတလျှောက် ဖြစ်စဉ်တခုလုံးကို ရေစိုခံ ကင်မရာကို ဖွင့် ပြီး မှတ်တမ်း
တင်ခဲ့တာပါ။ ငါးမန်းက သူ့အနီးကတောင် ဖြတ်သွားလိုက်ပါသေးတယ်။
ကံကောင်းစွာပဲ သူလည်း အသည်းအသန်
ကမ်းပေါ် ကူးတက်ခဲ့ပါတယ်။ Terry Tufferson ဆိုတဲ့ သြစတေးလျ ရေကူးသမား မှာ
တပ်ဆင်ထားတဲ့ ကင်မရာက ဗွီဒီယိုမှတ်တမ်းမှာ ငါးမန်းဖြူနဲ့ အနီးကပ်
မြင်ကွင်းတွေကို အမိအရ မှတ်တမ်း တင်နိုင်ခဲ့ပြီး ယူကျုပေါ် တင်ခဲ့ပါတယ်။
မြင်ကွင်းတွေကို အမိအရ မှတ်တမ်း တင်နိုင်ခဲ့ပြီး ယူကျုပေါ် တင်ခဲ့ပါတယ်။
ဝေဖန်သူတွေက ဒါကို အတုအယောင်
ဖန်တီးထားမှု တခုလို့ ဆိုပြီး အငြင်းပွားမှုတောင် ဖြစ်ခဲ့တယ်လို့
ဗြိတိန်အခြေစိုက် Independent အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဧရာဝတီ ပရိသတ်တွေလည်း အခု ယူကျုပေါ်က ငါးမန်းနဲ့ ပက်ပင်းတိုးခဲ့တဲ့ ဗွီဒီယို မှတ်တမ်းကို ကြည့်လိုက်ပါအုံး။
<iframe width="560" height="315" src="//www.youtube.com/embed/-m3N_BnVdOI" frameborder="0" allowfullscreen></iframe>
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar