နိုင်ငံတော်သမ္မတကြီး သိစေလို
လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြဿနာရပ်များတွင် တာဝန်အရှိဆုံးမှာ နိုင်ငံတော်သမ္မတဖြစ်သည် တိုင်းပြည်၏ အာဏာကုန်လွှဲအပ်ခြင်း ခံရသူ သမ္မတသည် ထိုသို့သော ကိစ္စရပ်များအပေါ် မိမိ၏ အမိန့်အာဏာကို သုံး၍လည်းကောင်းမိမိလက်အောက်ခံ တိုင်းပြည်ပိုင် စစ်တပ်ကို အသုံးပြု၍ လည်းကောင်းအခြေအနေများကို ငြိမ်သက်အောင် ထိန်းသိမ်းပေးသင့်သည်။ တိကျပြတ်သားသော မင်းမိန့်နှင့် ခိုင်လုံမှုရှိသော ဥပဒေကို အသုံးချ၍ အကြမ်းဖက်အဖွဲ့အစည်းနှင့် လူစုလူဝေးများကိုလည်းကောင်း
တိုင်းပြည်ဆူပူစေရန်လှုံ့ဆော်သော ရဟန်း ရှင်လူနှင့် မီဒီယာများကို ထိုက်တန်သော မင်းပြစ်မင်းဒဏ်များ ချမှတ်သင့်ပါသည်။ ယ္ခုကဲ့သို့ ပြုလုပ်သော အခြေအနေများကို သုံးသပ်ကြည့်လျှင် အုပ်ချူပ်သူအစိုးရနှင့် တည်ဆဲဥပဒေကို မထေမဲ့မြင်ပြုရာကြပြီး တိုင်းပြည်၏
ရှေ့အနာဂတ်လမ်းစဉ် ဖြစ်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပျက်ဆီးစေရန် တမင်ကြံရွယ်နေကြသည်ဟု သုံးသပ်မိပါသည်။ ထို့ပြင် လာမည့် ၂၀၁၅ခုနှစ် တိကျသော အစိုးရအသစ် ဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲကိုလည်း ပျက်စီးစေရန် တမင်ဖန်တီးနေကြသည်ဟု သုံးသပ်မိပါသည်။
ယ္ခုအစိုးရအနေနှင့် တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို တမင်ဖျက်စီးနေသည်ဟုလည်း မြင်မိပါသည်၊ ထိုကဲ့သို့ ဖြစ်ရပ်များသည် သမ္မတကြီး၏ အဓိကရည်ရွယ်လုပ်ဆောင်ချက်များကို နှောက်ယှက်ဟန့်တားနေစေသလို နိုင်ငံတော်သမ္မတ၏ ဂုဏ်ပုဒ်ကိုလည်း သေးသိမ်စေပါသည်။
ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ ပြဋ္ဌာန်းသာသနာတော်ကို အရောင်မှေးမှိန်စေရုံသာမက ဗုဒ္ဓဘာသာဝင်များနှင့် သံဃာတော်များကိုပါ အထင်အမြင်သေးသိမ်းစေပါသည်။
တိုင်းပြည်ကိုတိုးတက်ပြောင်းလဲစေချင်သော နိုင်ငံတော်သမ္မတ၏ စေတနာနှင့် လုပ်ဆောင်ချက်များကို ဖီဆန်၍လည်းကောင်း စော်မှုပြု၍လည်းကောင်း လူထုအုံကြွပြီး တိုင်းပြည်မငြိမ်မသက်မှုနှင့် လူမျိုးရေးအကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်နေသော ရဟန်းရှင်လူနှုင့် သတင်းမီဒီယာများကို
ထိရောက်စွာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်မှ ကိုင်တွယ်စစ်ဆေးဖြေရှင်းအရေးယူသင့်ပါသည်။
ယ္ခုအခါတွင် ငြိမ်းချမ်း၍တိုးတက်ပြောင်းလဲမှုကို ရှေ့ရှုလုပ်ဆောင်နေသော နိုင်ငံတော်သမ္မတကြီး၏ လက်ထက်တွင် တိုင်းပြည်တခုလုံး ဆူပူအကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များ များပြားလာသလို တိုင်းပြည်တခုလုံး မငြိမ်မသက်မှုများဖြစ်ပေါ်ကာ တိုးတက်မလာပဲ
ဆုတ်ယုတ်လာနေသည့်အခြေအနေများကို အမြန်ဆုံးပြန်လည်ထိန်းသိမ်းရန်မှာ နိုင်ငံတော်သမ္မတကြီး၌ အထူးတာဝန်ရှိကြောင်းနှင့် နိုင်ငံတော်အချူပ်အချာအာဏာကို တာဝန်ယူထားသူပီပီတာ ဝန်ကျေရန်လိုအပ်ကြောင်း တာဝန်ကျေစေလိုပါကြောင်း ပြောလိုပါသည်။။
လက်အောက်ခံ အစိုးရအဖွဲ့အစည်းများပေါ် အာဏာတည်၍ ဘက်လိုက်မှုမရှိသော အုပ်ချူပ်ရေးနှင့် အာဏာအသုံးချမှုများကိုလည်း သေချာတိကျစွာ လိုက်နာအုပ်ချူပ်စေရန်နှင့် ဘက်လိုက်၍ အာဏာအလွဲသုံးစားပြုသော အမှုထမ်းအရာထမ်းများကို တိကျ ခိုင်မာသော မင်းပြစ်မင်းဒဏ်များ သတ်မှတ်၍
အပြစ်ပေးသင့်ပါကြောင်း၊ ထိုအချက်များကိုလည် နိုင်ငံတော်သမ္မတမှ ဟုတ်တိုင်းမှန်ရာ တိကျစွာ သိထားသင့်ရန် လိုအပ်ကြောင်း ပြည်သူများ၏ ဆန္ဒများနှင့် ပြည်သူတို့၏ အသံကို လျစ်လျူရှုမထားသင့်ကြောင်း အမြဲမပြတ်အချိန်နှင့်တပြေးညီ မိမိကိုယ်တိုင် အာဏာသုံး၍
စုံစမ်းစစ်ဆေးနေသင့်ကြောင်း မိမိ၏ တာဝန်ကို မိမိကျေပွန်အောင် ယူသင့်ကြောင်းနှင့် မလိုအပ်သောပြဿနာများကို ထိန်းသိမ်းရန် မိမိမှာတာဝန်ရှိနေသည်ကို မိမိကိုယ်တိုင်သိရန် အထူးလိုအပ်ကြောင်းပြောလိုပါသည်။
သို့မှသာ နိုင်ငံတော်သမ္မတကြီး၏ စေတနာ လမ်းညွှန်ချက်နှင့် တိုးတက်ပြုပြင်မှုလုပ်ငန်းများ အကောင်အထည်ပေါ်ပေါက်လာပြီး အေးချမ်းသာယာသော မြန်မာပြည်အဖြစ်သို့ ရောက်ကာ လူအများမှ ကြည်ညိုလေးစား၍ 2015 လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကြီးကို
ကျင်းပပေးနှိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားလိုပါသည်။
အမှန်တကယ်ပင် သမ္မတကြီး၏ စေတနာ မေတ္တာများနှင့် လမ်းညွှန်လုပ်ဆောင်ချက်များ တိကျ မှန်ကန်မည်ဆိုပါက သမ္မတကြီး မျှော်မှန်း မျှော်လင့်ထားသော မြန်မာပြည်ကြီးတကယ်ဖြစ်လာမှာ ဧကန်မုချ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါတော့သည်။
ဦးချစ် | အလင်းမျက်ဝန်း
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar