မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ သုံးသပ်နေရမယ့် အချိန်
Thaung Su Nyein
Facebook ပိတ်သွားခဲ့ရာက ပြန်ပွင့်နေပြီ။ ဘယ်သူများ ဘာလုပ်လိုက်ပါလိမ့်... အဲဒီအချိန်က နိုင်ငံတကာမှာ သုံးလို့ ရနေခဲ့တယ် ပြောတယ်။ Proxy နဲ့ ဝင်သုံးသူများလည်း ဆက်သုံးလို့ ရနေခဲ့တယ် ဆိုတော့ မြန်မာနိုင်ငံက ဖြစ်စေ ဒေသတွင်းမှာ ဖြစ်စေ Facebook တော့ ပိတ်ခံခဲ့ရတယ်လို့ ယူဆလို့ ရပါတယ်။
ည ၁၀နာရီကျော်လောက်က စပိတ်တယ်လို့ ယူဆရပါတယ်။ အခု မနက် ၄နာရီကျော်မှာတော့ ပြန်ပွင့်နေပါပြီ။ ဒါဟာ မြန်မာ ISP ကပဲ ပိတ်ခဲ့ပြီး နာရီပိုင်းအကြာ ပြန်ဖွင့်ခဲ့တာလား… ပိတ်နေတုန်း တစ်ခုခု လုပ်နေတာလား… အပြီးကော ပြန်ဖွင့်တာလား… ယာယီ ပြန်ဖွင့်တာလား…. မေးခွန်းများစွာ ရှိနေပါတယ်။
ဒီလို ပိတ်သွားတဲ့ အတွက် Hate Speech တွေ လျော့သွားနိုင်တာ ဖြစ်သလို အမှောင်ချခံ e-144 ထုတ်ခံရတဲ့ ပြည်သူတွေကြား ကောလာဟလ တွေလည်း ပိုမို ပြန့်ပွားပြီး ထင်ယောင်ထင်မှား ဒုက္ခရောက်နိုင်ပါတယ်။
တစ်ခုလုံးကြီးကို ပိတ်မယ့်အစား Hate Speech တွေ မတင်စေချင်ရင် တင်နေသူတွေကို ထိရောက်စာ account report လုပ်ပါ၊ Page တွေကို ပိတ်အောင် လုပ်ပါ။ Facebook မှာ မြန်မာတာဝန်ခံ တစ်ယောက်ခန့်ထားတယ်လို့ ပြောပြီးပြီ။ ၎င်းပုဂ္ဂိုလ်နဲ့ မြန်မာအစိုးရနဲ့ ချိတ်ဆက်မှု ရှိနေရမှာပါ။ သတင်းမှန်တွေ များများ တင်ပေးပါ။ အာဏာပိုင်တွေက အမြဲထုတ်ပြန်နေပါ။
အာဏာပိုင်တွေရဲ့ စာမျက်နှာတွေမှာ သတင်းထုတ်ပြန်ရင်လည်း အလောတကြီး ခံစားချက်တွေပါ ထည့် ရေးသားထားတဲ့ သတင်းမျိုးတွေ၊ နှစ်ဖက် နှစ်ခြမ်း ပိုကွဲစေမယ့် အရေးအသားမျိုးတွေ မပါအောင် ရေးဖို့ အရေးကြီးပါတယ်။
အခုအချိန်က နိုင်ငံရေးလောကမှာ အလွန် အရေးကြီးတဲ့ အချိန် ဖြစ်နေပါတယ်။ အခြေခံဥပဒေ / PR / 436 စတဲ့ လှုပ်ရှားမှုတွေ တန်ပြန်ဆောင်ရွက်မှုတွေ များစွာ ဖြစ်နေပါတယ်။
၃-၇-၂၀၁၄ရက် မနေ့ကဆိုရင် အမြဲ ပြုပြင်ပြောင်းလဲရေးဘက်က ရပ်တည်နေတဲ့ အာဏာရပါတီ ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း မပြုပြင် မပြောင်းလဲရေးဘက် အမြဲ ရပ်တည်လေ့ ရှိတဲ့ အကြံပေးဦးအောင်သောင်း၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးတို့ နှစ်ယောက် ဝဲယာ ဝန်းရံပြီး PR ကို ထောက်ခံကြောင်း၊ ၄၃၆ ပြုပြင်ပြောင်းလဲရေးဟာ အထူးတလည် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ဆိုတာတွေ ထွက်ပြောခဲ့ပါတယ်။
ဒါတွေ အားလုံးဟာ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ဖြစ်ရပ်တွေပါ။ ပြည်သူတွေက မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ သုံးသပ်နေရမယ့် အချိန်လည်း ဖြစ်ပါတယ်။
ဘောလုံးပွဲတွေမှာ ပရိသတ်တွေက ပွဲဆူလာအောင် ဝိုင်းအော်ကြ ခရာတွေ မှုတ်ပြီး နှောင့်ယှက်ကြတဲ့ အတိုင်းပဲ... ဒီလို ဖြစ်ရပ်တွေ ဖြစ်လာတော့ ကွင်းထဲကန်နေတဲ့ လူတွေက အာရုံတွေ နောက်ပြီး ကယောင် ချောက်ချားတွေ ဖြစ်ကုန်တတ်ပါတယ်။
ဒီလိုနဲ့ ပွဲကြမ်းလာရင် ဒိုင်က အဝါကတ်တွေ အနီကတ်တွေ ထုတ်ပြလိမ့်မယ်။ ဒါမှ မရရင် ပွဲပျက်ပြီး အသိမ်းခံရလိမ့်မယ်။ အဲဒီတော့ ရွှေပွဲလာ ပရိသတ်တွေပဲ ဆုံးဖြတ်ကြပါ။ ပွဲပျက်ခံမလား... နှစ်ဖက်စလုံး သန့်သန့်လေး ကစားသွားတာ ကြည့်ကြမလား ဆိုတာ...
===================================
Ye Yint Nge
အတိုက်အခံတွေရဲ့ဥပဒေလမ်းကြောင်းအတိုင်း
ပြု ပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေကို
ဒီနည်းနဲ့ရပ်တန့်အောင်
လုပ်တာအောက်တန်းကျတယ်
အချိန်ကိုက်၄၃၆ကသက်ရောက်မှုမရှိဖူးလို့
ဦးရွှေမန်းပြောတာကလည်းနံကြားဒါးနဲ့ကပ်ထိုး
တာပဲ....
ကိုမင်းကိုနိင်တို့သွားလာခွင့်တွေကိုလဲစပြီး
ကန့်သတ်လာပြီ
အောက်တန်းစားအကျင့်နဲ့နိုင်ငံကိုအပိုင်စီးခံ
နေရတဲ့အချိန်တွေနှမြောစရာပါဗျာ......
Inga kommentarer:
Skicka en kommentar