အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 5 juli 2014

စွမ်းအားရှင်လူအင်အား 200 ခန့်မန္ထလေးမြို့ ကိုစေလွှတ်

စွမ်းအားရှင်လူအင်အား 200 ခန့်မန္ထလေးမြို့ ကိုစေလွှတ်




BBC သတင်းထောက်ဦးကျော်စိုးဟိန်း

မန္ထလေးမြို့ ကို အခြေပြုပီး ဘာသာရေးပဋိပက္ခတွေပိုမိုကြီးမားကျယ်ပြန့်လာစေရန် အကြံဖြင့် ရေကြည်အိုင်နဲ့ရဲမွန်
မှာစွမ်းအားရှင် 20000 နှစ်သောင်းလောက်ကို ဖျက်ဆီးရေးသင်တန်းပေးနေ


BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေးကို ပြန်လည်မျှဝေတာပါ ယခင်ဗိုလ်မူးချုပ်ဟောင်းခင်ညွှန့်လက်ထက်က စွမ်းအားရှင်တွေကို သင်တန်းပေးတဲ့နေရာတွေဖြစ်တဲ့ ရေကြည်အိုင်နဲ...
ယခင်ဗိုလ်မူးချုပ်ဟောင်းခင်ညွှန့်လက်ထက်က စွမ်းအားရှင်တွေကို သင်တန်းပေးတဲ့နေရာတွေဖြစ်တဲ့ ရေကြည်အိုင်နဲ့ရဲမွန် မှာစွမ်းအားရှင် 20000 နှစ်သောင်းလောက်ကို ဖျက်ဆီးရေးသင်တန်းပေးနေပါတယ်လို့ကြားသိရပါတယ်
ဆက်လက်ပြီး ကြားသိရတာကတော့ အဲ့ဒီဖျက်ဆီးရေးသင်တန်းဆင်း စွမ်းအားရှင်တွေဟာ မိထ္တီလာမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခမှာလဲ သူတို့ကို လူအင်အား 2000 ခန့်စေလွှတ်ခဲ့တယ်လို့သိရပါတယ် အခုလက်ရှိ မန္ထလေးမြို့မှာကို အခြေပြုပီး ဘာသာရေးပဋိပက္ခတွေ ပိုမိုကြီးမားကျယ်ပြန့်လာစေရန် အကြံဖြင့် လူအင်အား 200 ခန့်ကိုစေလွှတ်ပြီး လှု့ဆော်သွေးထိုးနေတယ်လို့လဲ သတင်းပေးပို့လာပါတယ်
ဒီသတင်းတွေကို အခြေခံသုံးသပ်ပြီး သိလိုက်ရတာကတော့ မြန်မာနိုင်ငံရဲ့လက်ရှိ ဦးသိန်းစိန် အစိုးရဟာ နောက်ကြောင်းပြန်လှည့်လိုနေတာ သိသာထင်ရှားလာပါတယ် မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအထိကရုဏ်းတွေ ပဋိပက္ခတွေဟာ သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ်ထွက်ခွာသွားတဲ့ အချိန်မှာပဲဖြစ်ပွားနေတာကို တွေ့ရပါတယ် ဒါဟာတိုင်ဆိုင်မှု့လား ? ကြိုတင်ကြံစဉ်မှု့လား ? ဆိုတာကိုတော့တိကျစွာမသိရသေးပါဘူး.....
မြန်မာပြည်သူပြည်သားတွေ အနေနဲ့ကလဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဘာသာရေးပဋိပက္ခတွေ မဖြစ်ပွားလာအောင် ၀ိုင်းဝန်းကြိုးစားပေးကျဖို့လို့ တိုက်တွန်းလိုက်ပါတယ်...

ဦးကျော်စိုးဟိန်း

ကျွန်တော်တို့ BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေး ပြန်လည်မျှဝေခြင်း




Inga kommentarer:

Skicka en kommentar