မန္တလေးတွင် အဓိကရုဏ်းများရပ်တန့်ရေး ဂရပ်ဖစ်တီရေးဆွဲ
မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေသည့် ဖြစ်ရပ်များ အမြန်ဆုံးရပ်တန့်စေရေး ရည်ရွယ်၍ မြို့တွင်းရှိနံရံအလွတ်အချို့တွင် ‘အဓိကရုဏ်းများရပ်’ စာသားနှင့် ဘာသာမတူသည့် လက်နှစ်စုံလက်ဆွဲနေသည့် ဂရပ်ဖစ်တီပန်းချီများကို လူငယ်တစ်ဦးက လိုက်လံရေးဆွဲနေသည်။အောင်မြေသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၇၉ လမ်းအကြား၊ ၂၆ လမ်းနှင့် ၂၇ လမ်းအကြား မီးရထားသံလမ်းဘေးရှိ အုတ်နံရံ တွင် မြန်မာနိုင်ငံအလံရေးဆွဲထား သည့်လက်တစ်စုံနှင့် အစ္စလာမ် ဘာသာအထိမ်းအမှတ်သဏ္ဌာန် ရေးဆွဲထားသည့်လက်တစ်စုံ အချင်းချင်းချိတ်ပြီး ငြိမ်းချမ်းရေး ရယူနေဟန်ရေးဆွဲထားပြီး ပုံနံဘေးတွင် 'stop riot' အဓိကရုဏ်းကိုရပ်ပါဟုအဓိပ္ပာယ်ရှိသောစာ သား ရေးထိုးထားသည်။
‘‘အခုဖြစ်နေတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီထက်ကောင်းတဲ့ အိုင်ဒီယာတွေနဲ့ နေရာအခွင့် အရေးရရင်ရသလို ထပ်ဆွဲသွားဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ဒီလို ဆွဲဖို့ တရားဝင်ခွင့်ပြုထားတာမရှိ ဘူး။ ညမထွက်ရအမိန့်ကလည်း ထုတ်ထားတော့ လစ်ရင်လစ် သလိုဆွဲနေရတယ်’’ဟု ယင်း သရုပ်ဖော်ပုံရေးဆွဲသူ ကိုလင်းပင်ဇော်ကပြောသည်။
ယခုဖြစ်နေသည့် အဓိက ရုဏ်းများအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းမှုကို ဦးတည်စေသည့် ယင်းကဲ့သို့ပုံဖော်မှုများအား မန္တ လေးမြို့တွင်းလူစည်ကားရာ နေရာများတွင် အခွင့်အရေးရလျှင်ရ သလို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း ယခုသရုပ်ဖော်ပုံကို မိနစ်နှစ်ဆယ်ကျော်အတွင်း အပြီးရေးဆွဲခဲ့ရကြောင်း ၎င်းကထည့် သွင်းပြောသည်။
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar