အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 8 juni 2014

NLD အပေါ်ခြိမ်းခြောက်မှုရပ်ဖို့ အစိုးရကို HRW ပြောကြား

NLD အပေါ်ခြိမ်းခြောက်မှုရပ်ဖို့ အစိုးရကို HRW ပြောကြား



ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ခြိမ်းခြောက်နေမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ HRW လူ့အခွင့်ရေးစောင့် ကြည့်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင်နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ပွဲတွေကို ကန့်သတ်ချုပ်ချယ်ခြင်းမပြုပဲ လွတ်လပ်စွာဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အနေ နဲ့ ဆောင်ရွက်ပါလို့လည်း နယူးယောက်အခြေစိုက် HRW အဖွဲ့ကပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မေလ ၁၈ ရက်နေ့က မန္တလေးမှာပြောကြားခဲ့တဲ့ စကားတချို့ကို ကော်မရှင်က သတိပေးခဲ့တာနဲ့ စပ်လျဉ်းပြီး HRW ကအခုလိုကန့်ကွက်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ စစ်တပ်ဘက်ကလိုက်ပြီး မှတ်ချက်ချပြောဆိုမှုတွေအမြောက်အများရှိကြောင်းလည်း HRW လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

Inga kommentarer:

Skicka en kommentar