မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို

အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင် မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
ဥပဒေ ပြဋ္ဌာန်းချက်များ အရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူ ထားကြောင်း အောင်မြေသာ စံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်း အရ သိရှိရသည်။
The Voice Journal
Inga kommentarer:
Skicka en kommentar