အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 13 juni 2014

ပုလဲကလာတဲ့သတင်း

ပုလဲကလာတဲ့သတင်း



“ပါတီထောင်ပြီး ဘယ်မှတင်စရာမလိုဘဲ ဟောပြောလိုင်စင်ရထားတယ်ဆိုတဲ့ နေမျိုးဝေ ကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ထွေ/အုပ်က ကားနဲ့လိုက်ပို့ပေးတဲ့ပြင်၊ ရဲဌာနကို ခွင့်ပြုမိန့်မတင်ဘဲ၊ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်ပေးခဲ့သည်။
မင်းတိုင်ပင်ရွာ (ကျွန်တော့် အမေရဲ့ရွာ) က သံဃာတော်တွေ၊ ဒေသခံတွေက ကန့်ကွက်ပြီး ပွဲပိတ်ခဲ့သော်လည်း ကျေးရွာပိုင် အားကစားကွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက နာရီပိုင်းအတွင်း ပြောင်းရွှေ့ခွင့်ပြုခဲ့ရာကြံ့ဖွံ့ ၃ဝ ခန့် တက်ရောက်ခဲ့သည်။ ကြံ့ဖွံ့နှင့် ထွေ/အုပ်တို့ရဲ့ မလျော်သြဇာသုံး ခွင့်ပြုခဲ့ခြင်းကို ရှုတ်ချကန့်ကွက်ကြသည်။ မဘသ နဲ့ ကြံ့ဖွံ့ကို ခုတုံးပြုပြီး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ မပြင်ရေး၊ မဲမပေးရေး ဟောပြောခြင်းအပေါ် ရှုတ်ချကန့်ကွက်သည်။ ရိုးသားစွာ မယှဉ်ပြိုင်ရဲသူတို့ ကောက်ကျစ်မှု စတင်လိုက်ခြင်းဖြစ်သည်။ မျှဝေပေးပြီး ဆန့်ကျင်ရန်လိုပါသည်။”

• မလျှော်သြဇာသုံးမှုတွေဟာ နေပြည်တော်မှာသာရှိတာမဟုတ်။ မြန်မာပြည်တနံတလျား၊ အလွှာတိုင်းမှာ ရှိနေတယ်။
• လူတွေထဲမှာ မကြောက်သင့်တာကို ကြောက်နေသူတွေ၊ ငွေနဲ့ အခွင့်အရေးရရင် ကဆိုကတဲ့သူတွေ၊ ချဆို ချတဲ့သူတွေ၊ မြှောက်ပေးရင် မြောက်တဲ့သူတွေ၊ အစိုးရအလုပ်လုပ်နေရရင် အစိုးရပါတီအလိုကျသာလုပ်ရမယ်လို့ အရိုးစွဲနေသူတွေ ရှိနေသေးတယ်။
• မတရားတာကို လက်မခံချင်းသူတွေက ပိုများတာ အားရစရာပါ။ မတရားတာကို ဖီဆန်တာလဲ တာဝန်အရပါ။ အဲလိုလူတွေကိုသာ လေးစား၊ အားထားပါရစေ။ ။

ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၄

Inga kommentarer:

Skicka en kommentar