ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလား (ဦးအံ့မောင်)

တရားဝင်စာရင်းမှာပါမပါမသိရပေမယ့်သမ္မတသာသနာရေးအကြံပေးလို့ဆိုသူ ဦးအံ့မောင်
'' ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဒီကိစ္စတွေက ၀ိနည်းတက်တဲ့ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရပါတယ်။ သတင်းစာဆရာတွေက ဆုံးဖြတ်လို့ မရပါဘူး။ အသိအမှတ်လည်း မပြုပါဘူး။ ၀ိနည်းတတ်မှဆိုတာ ၀ိနည်းတော်နဲ့ ဆုံးဖြတ်ရမှာ။ နိုင်ငံတော်သံဃမဟာနာယကဆိုတာ လမ်းဘေးမှာရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ခင်ဗျားတို့ သိထားရမှာ သံဃာ ၅၀၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ အုပ်ချုပ်နေတဲ့ ဆရာတော်တွေက တင်မြောက်ထားတာပါ။ ခင်ဗျားတို့က ဒါတွေဆုံးဖြတ်လို့မရဘူး။ အကြောင်းအရာတွေက နားလည်တဲ့သူတွေနဲ့ ပြောမှရတာ။ ၀ိနည်းမတတ်တဲ့သူတွေနဲ့ ပြောလို့က တော့ ခင်ဗျားပြောလို့နားလည်မှာ မဟုတ်ဘူး။ ကိုယ်ထင်ရာ ပြောနေမှာပဲ။ ရှင်းချင်ရင် ဦးပညာဝံသကိုယ်တိုင်ရှင်း.....။။
မြန်မာပို့စ်ဂလိုဘယ်အကြီးတန်းသတင်းထောက် ဟိန်းထက်
''၀ိနည်းအရဆိုရင် ကျွန်တော်ဝိနည်းအရပြောပါ့မယ်။ အခုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ဖြစ်တဲ့ကိစ္စသည် သံဃ၀ိနိစ္ဆယ လက်စွဲစာအုပ်ပါ အခန်း (၄)၊ ပုဒ်မ (၂၂) အရ ' ၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတစ်ခုဖြစ်ပွားလျှင် ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားသော သံဃ၀ိနိစ္ဆယ အဖွဲ့၏ စစ်ဆေးဆုံးဖြတ်ခြင်းကိုသာ ခံယူရမယ်။ အခြားမည်သည့်တရားရုံးမှ တရားမကြောင်းအရ စွဲဆိုခွင့်မရှိစေရ ' လို့ ပြဌာန်းထားတဲ့ အတွက် ဆုံးဖြတ်ရမယ့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက (မဟန) ဖြစ်နေတဲ့အတွက် ကိုယ့်အမှုကိုယ်ပြန်ဖြေရှင်းတဲ့အခါမှာ တရားမျှတမှုရှိနိုင်ပါမလား...? လူတွေတရားစီရင်တဲ့အခါမှာ တရားသူကြီးက ကိုယ့်အမှုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာရှိပါတယ် ''
ဦးအံ့မောင်
'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး "
Inga kommentarer:
Skicka en kommentar