အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 juni 2014

မြိတ်တူဒေးဆိုဒ်

    ကျွန်မသည် တစ်နေ့က အားအားရှိတာနဲ့ အင်တာနက်ဘော်ဒါတွေဆီလျှောက်လည်ရာတွင် တစ်ခုသောဆိုဒ်ကိုသွားတွေ့မိသည် အဲဒီဆိုဒ်သည် မြိတ်တူဒေး ၀ဘ်ဆိုဒ်ပါ သူ၏အယူအဆ နှင့် အစိုးရအပေါ်ဖေါ်လံဖါးဆိုဒ် ကြီးမှန်းသိလိုက်ရဖြင့် တနင်္သာရီတိုင်းသား ကျွန်မမြူ နှင်း အရမ်းစိတ်ပျက်မိတယ် ဘာကြောင့် ဖေါ်လံဖါးဆိုဒ် လုပ်ရတာလည်း ဘာရနေသလည်းပေါ့ ဘိတ်သားတွေဟာ ဒီလိုဘဲ့ လေကြီးမိုးကြီးပြောပြီးတော့ အစိုးရကို ဖားနေရသလား  တနင်္သာရီတိုင်းသိက္ခာကျတယ် မရေးပါနဲ့ အစိုးရကောင်းကြောင်းရေးသလို မကောင်းကြောင်းလည်း ရဲရဲဝံ၀ံ ရေးရဲရမှာပေါ့  ခုတော့ရှင် သူ့ဆိုဒ်ထဲမှာ အစိုးရကောင်းကြောင်းတွေချည်းဘဲ့ဆိုတော့ သူယောက်ဖက ဗိုလ်ကြီးမို့လို့လားမသိဘူးနော် ကျွန်မကတော့ကျွန်မခဲအိုက ဗိုလ်မှုးကြီး အဲဒါလည်းကျွန်မရေးတာဘဲ့ ဘယ်ဗိုလ်မှုးလည်းမရေးတော့ဘူးနော် တော်ကြာသူ့မှာအမှု့သွားပါတ်နေမှာစိုးလို့ပါ  လက်ရှိတာဝန်ထမ်းဆောင်နေဆဲပါ  ဒါကကြုံလို့ပြောတာနော် တနင်္သာရီတိုင်းသားတွေအနေနဲ့မကြောက်သင့်တာမကြောက်အောင်ပြောရခြင်းပါ ကြောက်စရာလုံးဝမလိုပါ မှန်ရာပြော ကြောက်နေလို့ကကောဘာရမှာလည်း မကြောက်မှသာ သူကပြန်ကြောက်ပြီး ပေးသင့်ပေးမှာပေါ့  ဟုတ်ဖူးလား  ဘိတ်သားတွေလေကြီးမိုးကြီးပြောတတ်သလို နိုင်ငံရေးလုပ်ရင်လည်း လေကြီးမိုးကြီးပြောနိုင်ကြပါစေလို့

အမှားပါရင်ခွင့်လွတ်ပေးပါ

မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar