ကော့သောင်း(A1)ကမလုပ်သင့်တာလုပ်နေ
ကော့သောင်းမြို့ က(A1)ဖုန်းဆိုင်မှ ဖုန်းဝယ်သွားသည့် ကိုဇော်လတ်ဆိုသူသည် နိုကီယာ(6300)ပါကင် ဖုန်းဆိုပြီးဝယ်သွားရာ သုံးရက်မြောက်နေ့တွင် အသံမလာသဖြင့်ထိုဆိုင်သို့သွားရောက်ပြသရာစပီကာပြတ်နေတယ်ဆို ပြီး စပီကာလဲပေးလိုက်ပါသည်
သို့သော်လည်းနောက်တစ်နေ့တွင် ဖုန်းမှာ ပါဝါပိတ်လိုက်ပွင့်လိုက်ဖြစ်နေသဖြင့် ကျွန်ုပ်ထံသို့လာရောက် ပြသရာ ကျွန်ုပ်စစ်ဆေးကြည့်ရာတွင် ဖုန်းမှာ ဆားကစ်အဟောင်းဖြင့်ဆင်ထားပြီး ပါကင် လုံးဝမဟုတ်သဖြင့် ပိုင်ရှင်ကိုဇော်လတ်အားမေးကြည့်ရာတွင် ကိုဇော်လတ်မှာ ပါကင်ဆိုပြီး ကြုပ်ပါ
နားကြပ်ပါ ၀ယ်လာကြောင်း ပြောရာ ဖုန်းများကို ရန်ကုန်ပုံစံ ကလဖန်ထိုး နွားမရွှံပိတ်လုပ်ကြောင်းသိရှိရသဖြင့် ထိုဖုန်းဆိုင်မှ လုပ်သလား သူတို့ဝယ်သည့်ရနောင်းဆိုင်ကဘဲ့လုပ်သလား ကျွန်တော့်အနေဖြင့် အတိအကျ မပြောချင်ပါ ကော့သောင်းမြို့တွင် (A1)ဆိုင်အများဆုံးရှိသဖြင့် မည့်သည့်(A1)ဆိုင်ဆိုသည်ကိုအတိအကျမရေးတော့ပါ ထိုသို့ခံလာရသူ ကိုဇော်လတ်အပါအ၀င် သုံးဦးရှိကြောင်း အရင်တစ်ယောက်မှာ လည်း ပုံစံတူ နှစ်လုံးနိုကီယာစလိုက် မင်မိုရီမပါ တဲ့ဖုန်းကို သူနှင့်အလုပ်လုပ်နေသူအတွက်ဆိုပြီး တစ်လုံး ရှစ်ရာနှင့်နှစ်လုံးဝယ်လာရာ ဖုန်းတစ်လုံးမှာ ငါးရက်အကြာတွင် ပါဝါလုံးဝမလင်းသဖြင့် ကျွန်တော့်ထံလာရောက်ပြသရာ ကျွန်တော်ကြည့် ရှု့ရာတွင်ပါဝါလိုင်းလုံးဝပြတ်နေဖြင့် အာဂျာလိုင်းဖြတ်ပူးပေးလိုက်ရာ ရသွားသော်လည်း ဖုန်းမှာ ဘထ္ထရီမခံ ဖုန်းပူလာခြင်းများဖြစ်သဖြင့်
လုံးဝသုံးစားမရအောင်ဖြစ်နေပါသည်၊ထိုကဲ့သို့ ပြောပြရခြင်းမှာ ထိုသူများဝယ်လာသောဖုန်းများမှာ အားလုံးပါကင်ဖြစ်သော်လည်း ဆားကစ်အဟောင်းကို ပြန်ဆင်ထားသောဖုန်းများသာဖြစ်ကြောင်း။ ကော့သောင်းနေလူထုအား အသိပေးအကြောင်းကြားရခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ဖုန်းပြင်သူတစ်ယောက်သာဖြစ်ပါသောကြောင့် မည်သည့်ဆိုင်ကောင်းသည်ကို မညွန်းလိုပါ သိလည်းမသိပါ. ဖုန်းဝယ်ရာတွင် သတိပြုသင့်ပါကြောင်း သာပြောကြားချင်ပါသည် အထူးသတိပြုရမည်မှာ နိုကီယာဖုန်းအရင်ပေါ်များမှာ ပါကင်လက်ကျန်များသာရှိပါသည် နိုကီယာကုမဏီကို မိုင်ကရိုဆော့ဖ် ၀ယ်ယူလိုက်သည်မှာ (2)နှစ်ခန့်ပင်ရှိမည်ဖြစ်ပါသည်၊ ထိုကဲ့သို့အလိမ်အညာများမည်မျှ ထိခံရပြီးပြီလည်းဆိုတာ ကျွန်တော်တို့မသိနိုင်ပါ ကျွန်တော်သိရသလောက်ကတော့ ယုဇနဆီအုန်းတွင်တောခုတ်နေသူများ ရာဘာခြံအလုပ်သမားများအများဆုံး ကြုံတွေ့ရသိဟု အပြင်စကားဖြင့်သိရပါသည် ။
အားလုံးဆင်ခြင်နိုင်ကြပါစေရန်အသိလိုက်ရခြင်းဖြစ်ပါသည်။ကော့သောင်းမြို့တွင်ဖုန်းဆိုင်များပေါလာသော
ကြောင့် မိဘပြည်သူများအလွယ်တကူဝယ်ယူရရှိနိုင်သော်လည်း ထိုသို့သော ပါကင်မဟုတ်သည့်ဖုန်းများကို ပါကင်ဟု ပြောဆိုရောင်းချနေသောဆိုင်များအား သတိပြုဆင်ခြင်နိုင်ကြပါစေရန်၊။။။
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar