အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 juni 2014

စင်ကာပူနိုင်ငံကို အိမ်အကူစေလွှတ်ဖို့ သင်တန်းတတ်နေတဲ့ အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိမှု

စင်ကာပူနိုင်ငံကို အိမ်အကူစေလွှတ်ဖို့ သင်တန်းတတ်နေတဲ့ အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိမှု



Tomorrow
-------------
( ၁၅-၆-၂၀၁၄) ရက်နေ. ညနေလးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်မှာရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကို အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ နယ်မြေထိန်း၊ သတင်းရဲတပ်ဖွဲ့ တို့က ညကိုးနာရီကျော်အထိ ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။

စင်ကာပူနိုင်ငံကို အိမ်အကူစေလွှတ်ဖို့ သင်တန်းတတ်နေတဲ့ အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ် တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးတဲ့ အမျိုးသမီးငယ် ၃ဦးပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့တယ်လို့ကလေးငယ်တွေက
ပြောပါတယ်။အဲ့ဒီထဲက ကလေးတစ်ဦးကတော့ စင်ကာပူသွားဖို့အတွက် ပက်စ်ပို့ ရရှိထားပြီလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးငယ်နှစ်ဦးနဲ့ အုပ်ထိန်းသူက ဗဟန်းရဲစခန်းမှာ စစ်ဆေးမှု ခံယူနေပါတယ်။ ကျန်ရှိတဲ့ အမျိုးသမီးငယ်တွေကိုတော့ ကုမ္ပဏီတိုက်ခန်းမှာ အစောင့်အရှောက်နဲ့ ထားရှိဆဲပါ။

အမျိုးသမီးငယ်တွေက ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦးနဲ့ ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသက ၉ဦး စုစုပေါင်း ၁၃ဦးပါ။
``ဖြစ်စဉ်က ရှင်းနေပေမယ့် ဆောင်ရွက်မှုတွေက ကြန့်ကြာနေတယ်´´လို့ ၈၈ ငြိမ်း/ပွင့်က အမျိုးသမီးရေးရာဌာန တာဝန်ခံ မနီလာသိန်းကပြောပါတယ်။

သတင်းလိုက်လိုသူ မီဒီယာများအတွက် ဖုန်းနံပါတ်များ -
အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု - ၀၁ ၂၁၇၅၁၆
ဗဟန်းမြို့နယ် ရဲစခန်း - ၀၁ ၅၅၄၆၃၀
မနီလာသိန်း - ၀၉ ၄၃၁၉၆၄၁၁

သတင်း- ထက်နောင်နောင် FB.

Inga kommentarer:

Skicka en kommentar