ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မိုဘိုင်း လက်မှတ်ကောက်ခံ
The 88 Generation Peace and Open Society
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးများ၊တကသ ကျောင်းသားများ မင်္ဂလာဒုံမြို့နယ် NLD နှင့်
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မိုဘိုင်း လက်မှတ်ကောက်ခံ
===============================================
ဇွန်လ ၁၄ ရက်နေ့ ၂၀၁၄ ခုနှစ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းအမျိုးရေးရာဌာနမှ မနီလာသိန်း၊ မမီးမီး၊ မမာယာ၊ မသဉ္ဇာခိုင်၊ မတဉ္ဇာဦးတို့နှင့် တကသ မှ ကျောင်းသားများသည် မင်္ဂလာဒုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပူးတွဲ၍ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဈေး၊ ဝါယာလက်ဈေးနှင့် ထောက်ကြံ့လမ်းဆုံများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထုလက်မှတ်ရေးထိုးနိုင်ရန် လက်ကမ်း စာစောင်းများ၊ စတစ်ကာများ ဝေ၍ လက်မှတ်ကောက်ခံမှုပြု လုပ်ခဲ့ရာ စည်ပင်သာယာမှ သန့်ရှင်းရေးဝန်ထမ်းတာဝန် ထမ်းဆောင်နေသော ညီမငယ်တစ်ဦးသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင် ကို သေချာဖတ်၊ မရှင်းသည်များကို မနီလာသိန်းအား မေးမြန်းပြီး ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့သည်ကိုလဲ ဝန်ထမ်းအားလုံး ပူးပေါင်းပါဝင်လာရေးအတွက် ဖေါ်ပြလိုက်ပါသည်။

Inga kommentarer:
Skicka en kommentar