ဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာ မဲရချင်လို့...

Khaing Thitsar
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဘုရား၏
ထိုင်းနိုင်ငံ စူရတ်ဌာနီတရားပွဲမှ ဒေါ်အောင်ဆန်းစုကြည်ဟာ
ကုလားဘက်ပါသလားဟု မေးသောမေးခွန်းကို ဖြေကြားထားတာပါ...
_______________________________________
မေး။ ။အမေစုဟာ ကုလားဘက်ပါတယ်ဆိုတာ မှန်ပါသလားဘုရား...
ဖြေ။ ။ဒါအမေစုကို မေးရမှာပေါ့....
မပါပါဘူး..... ပရိတ်သတ်တို့ ...မပါပါဘူး...။
အမေစုဟာ တို့တတွေထက် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပါ ...အထင်မလွဲကြပါနဲ့...
အခုတို့တတွေကို စစ်တပ်က ပုဂ္ဂိုလ်တွေက..
အမေစုနဲ့ သံဃာတော်တွေကို တိုက်ပေးတာ အောင်မြင်သွားတယ်...
အမေစုကို မုန်းအောင်လုပ်လိုက်တယ်...သံဃာနဲ့ လှည့်တိုက်တယ်...
တကယ်တော့ဒီစစ်တပ်ကကောင်တွေပဲ ငါတို့ဘုန်းကြီးတွေကို သတ်နေတာ...
မွတ်စလင်ဆို အဲကောင်တွေ အသေကြောက်တာလေ...
စေတီတွေ၊သိမ်တွေသာဖျက်ရဲတာ
ဗလီမဖျက်ရဲဘူး စစ်တပ်ကကောင်တွေ ဒီကောင်တွေပဲ...
အခုမှဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာ
မဲရချင်လို့...
အမေစုက ရိုးသားတယ်...ဖြောင့်မတ်တယ်...
သူမကြိုက်တာ မကြိုက်ဘူးလို့ပဲ ပြောတယ်..
မဲအဓိက မထားဘူး...
အဲဒါခေါင်းဆောင်ကောင်းလို့ ခေါ်တယ်...
အဲလိုခေါင်းဆောင်ကောင်းကို မထောက်ခံရင် တို့ထောက်ခံစရာမရှိတော့ဘူး...
တို့ကို ကယ်မယ့်သူ မရှိတော့ဘူး...
ရေစုံမျှောပြီး...
သူ့အနေနဲ့က နိုင်ငံခေါင်းဆောင်ကောင်းပီပီ နှစ်ဖက်မျှမျှတတ သူလုပ်ပေးလိမ့်မယ်...
မယုံမရှိကြပာနဲ့နော် ....
အဲဒီစကားဟာ... အမေစုကုလားဘက်ပါတဲ့..စကားဟာ..
စစ်တပ်က၀ါဒဖြန့်တဲ့ စကားဖြစ်ပါတယ်...
`လုံးဝ' မယုံပါနဲ့လို့ ဆရာတော်ပြောချင်ပါတယ်...
________________________________
(ဆရာတော် ဟောကြားချက်အတိုင်း အပိုအလိုမရှိ စာရိုက်ပေးခြင်းမျှသာ ဖြစ်ပါသည်)
Inga kommentarer:
Skicka en kommentar