အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 23 maj 2014

ကော့သောင်းအများပိုင် ဘယ်လိုလဲ?????

ကော့သောင်းအများပိုင် ဘယ်လိုလဲ?????

          စစ်အစိုးရယူနီဖောင်းချွတ် ဒီမိုကရေစီအမည်ခံ အစိုးရတက်လာပြီးတဲ့နောက် တနင်္သာရီတိုင်းထဲမှာ အများပိုင်ကုမ္ပဏီတွေထောင်လာကြတယ် ထားဝယ်အများပိုင်က Shoping Center တွေ သင်တန်းကျောင်း တွေ မောင်းမကန်ဟိုတယ်တွေ ကိုရင်းနှီးမြုပ်နှံမှုတွေအများကြီး လုပ်ပြီးချီတက်နေပါပြီ  မြိတ်အများပိုင်ကတော့ မောတောင်လမ်းပိုင်းတွေ မြိတ်ဘန်ကောက် လေကြောင်းလိုင်းတွေပြေးဆွဲလို့လှုပ်ရှားနေပါပြီ  
          ကော့သောင်းအများပိုင်ကရော
     စစ်အစိုးရလက်ထက်က စစ်တပ်နဲ့ပေါင်းစားခဲ့တဲ့သူဌေးတွေစုပြီး ထောင်ထားတဲ့ကုမ္ပဏီပါ နာမည်ပေးတဲ့  နေရာမှာကျန်ခဲ့တာ တကယ့်နာမည်အစစ်က ကော့သောင်းသူဌေးများကောင်းစားရေးအများပိုင်ကုမ္ပဏီပါ    လူကြီးတွေနဲ့ပေါင်း ဟိုနေရာလက်ညိုးထိုး ဒီနေရာပြ မြေကွက်တောင်း ကတုံးပေါ်ထိပ်ကွက် တဲ့လုပ်ငန်းက လွဲလို့ လေယာဉ်မပြောနဲ့ ထောက်လာဂျီလိုင်းတောင် မဆွဲနိုင်တဲ့ကုမ္ပဏီ ဟိုတယ်မပြောနဲ့ ကွမ်းယာတဲတောင် မဖွင့်နိုင်တဲ့အများပိုင်ကုမ္ပဏီ  အခုတော့ကော့သောင်းမှာ အရင်စစ်ဗိုလ်တွေယူပြီးကျန်နေတဲ့ မြေတွေကို ကြံ့ဖွံ့အစိုးရလူကြီးတွေပေါင်းပြီး လက်ညိုးထိုးတောင်းတဲ့အလုပ်ကြီးအကိုင်ကြီးတွေလုပ်နေကြပါတယ်။
 ----(၃)မိုင်ကမ်းနာကကမြေကို ဓါတ်ဆီဆိုင်ဖွင့်ပြီးစီးပွားရှာ မီးဘေးအန္တရယ်ဖြစ်ရင် (၃)မိုင်ရွှာက ဆင်းရဲသား  ရေလုပ်သားတွေနေအိမ်ပြာကျဘ၀ပျက်အောင်ကြံစည်နေတာအခုဆိုတိုင်တောင်စိုက်ပြီးနေပြီ
-----ဟန်နီးဘဲဟိုတယ်ရှေ့က ကားတွေရပ်တဲ့နေရာမှာ ကုမ္ပဏီရုံးဆောက်မယ်ဆိုပြီး တောင်းထားပါသေးတယ် ပြီးတော့ ဘုရင့်နောင်အငူပါတ်လမ်းမှာလည်းဈေးဆိုင်တွေဖွင့်မယ်ဆိုပြီး တောင်းထားပါသေးတယ် အဲဒီအများ ပိုင်ခရိုနီစီမံကိန်းကို မြို့နယ်အုပ်ချူပ်ရေးမှူးးပါစီဘာဘာ(စားပြီးနားမလည်တဲ့ပုဂံ)ကလည်းထောက်ခံပါတယ်တဲ့ 
------ကဲဒီကိစ္စအပေါ် တစ်မြို့လုံးနဲ့ဆိုင်တဲ့ကိစ္စအပေါ်
---=-အမတ်တွေဘာလုပ်နေကြပါသလဲ
---မလုပ်မရှုပ်မပြုတ်နေကြတဲ့ ကြံ့ဖွံ့ကအမတ်များ ကြံ့ဖွံ့ကအာဏာရပါတီအနေနဲ့  ဒီကိစ္စ္စကိုဘယ်လိုကာကွယ်  ပေးမှာလဲ?
------ပြည့်သူ့ပါတီလို့ဆိုတဲ့ NLD  ပါတီကရော ဘယ်လိုကာကွယ်စောင့်ရှောက်ပေးမှာလဲ??
------နေရာတကာပါချင်တဲ့ဒီမိုကရက်တစ်ပါတီကရော နှာစေးနေမှာလား???
------ပွင့်လင်း  ၈၈   ကရော တေမိဇတ်ခင်းပြီး ထောက်ခံမှာလား????
  ဘာမှမလုပ်ကြရင်တော့ ပြည်မြန်မာတောင်ဘက်စွန်း ဘုရင့်နောင်ကုန်းမြေဆိုတဲ့ အမျိုးသားရေးလက္ခဏာတစ် ခု ခရိုနီသူဌေးများပိုင်ရာမြေဖြစ်တော့မဲ့အရေးအလေးထားကြပါလို့ တိုက်တွန်းလိုပါတယ်=====
 
                                    မြူ နှင်း(အေးရိပ်ငြိမ်)


Inga kommentarer:

Skicka en kommentar