အဲလိုပြောတဲ့လူ ငါ့ဖိနပ်စီးပြီး ငါဖြတ်သန်းနေရတဲ့ဘ၀ကို လာမြည်းစမ်းကြည့်လိုက်
ဘာတဲ့ ... တစ်နေ့ နှစ်ထောင်ဝင်ရင် နေလို့ရတယ် တဲ့လား။ အဲလိုပြောတဲ့လူ ငါ့ဖိနပ်စီးပြီး ငါဖြတ်သန်းနေရတဲ့ဘ၀ကို လာမြည်းစမ်းကြည့်လိုက်။
ထမင်းတစ်နပ် လျှော့စားတောင် ၂၀၀၀ မလောက်ဘူး။ ဒါတောင် နေမကောင်းလို့ ပါရာစီတမော ၀ယ်သောက်တာတို့၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတို့၊ သွားတိုက်ဆေး ဆပ်ပြာတို့ မပါသေးဘူး။ ဘယ် ဦးနှောက်နဲ့ တွက်ပြီးပြောတာလဲဟဲ့။
စဉ်းစဉ်းစားစားလေးနဲ့ တွက်ချက်ကြပါဦး အဘတို့ရာ။ ဒီ ပို့စ်လေး ဒုသမ္မတနဲ့ ဒုဝန်ကြီး ဖတ်မိရင်ကောင်းမှာပဲ။
Credit - Mon Mon
Inga kommentarer:
Skicka en kommentar