အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 22 maj 2014

ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ၂ ထောင် ကျပ် ကိစ္စ ပွဲဆူနေပြီ

ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ၂ ထောင် ကျပ် ကိစ္စ ပွဲဆူနေပြီ

Thursday, May 22, 2014
ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ကျပ် ၂ ထောင်နဲ့ ရပ်တည်လို့ရတယ်ဆိုတဲ့ စကားကတော့ အတော်ပွဲဆူနေပါပြီ။ ဒု သမ္မတ ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံသားတွေအနေနဲ့ လူ တဦး ငွေ ၂၀၀၀ ကျပ် ရှိယုံနဲ့ ဘ၀ ရပ်တည်နိုင် တယ်လို့  ပြောခဲ့တာကို ပြည်တွင်း စာစောင်တခုမှာ ဖော်ပြခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်မတွေ အပါအ၀င် အိမ်ထောင် ဦးစီးတွေက တနေ့တာ အသုံးစရိတ်တွေကို တွက်ပြကြပါတယ်။ 




မနက်စာ လူ တဦးအတွက် မုန့်ဟင်းခါး တပွဲကို အကြော်မပါ ၄၀၀ ကျပ်ရှိပြီး အလုပ်သွားဖို့ ဘတ်စ်ကား ၂ ဆင့် စီးခ ၄၀၀ ကျပ်၊ နေ့လယ်စာ ခပ်ညံ့ညံ့ ထမင်းနဲ့ ဟင်း အတွက် ၇၅၀ ကျပ်၊ ညနေ အလုပ်က အပြန် ဘတ်စ်ကားက ၂ ဆင့် စီး ၄၀၀ ကျပ်၊ ညစာအတွက် ဖြစ်သလို ထမင်းဟင်း ၇၅၀ ကျပ်၊ အိမ်ငှားစရိတ် အနည်းဆုံး ၁ ထောင်ကျပ်နဲ့ ဆိုတော့ တနေ့ ကုန်ကျစရိတ်က ၃၇၀၀ ကျပ်ရှိနေပြီ။ 

 ဒါတောင် နေအိမ်အခန်း ငှားရမ်းခ မပါသေးဘူးတဲ့။ အတော်စုတ်ပြတ် နုံချာနေတဲ့ ရန်ကုန်ဆင်ခြေဖုံးက အခန်း တခန်း ကို တလ ၃ သောင်းတန်ပဲ ငှားနေအုံး တနေ့ကို ၁ ထောင် ကျပ်၊ ဘယ်လိုလုပ် တနေ့ ငွေ ၂ ထောင်ကျပ်နဲ့ ရပ်တည်လို့ ရ မလဲတဲ့။ 

စီးပွားရေးက အဆင်မပြေ၊ အလုပ်က ပင်ပန်း၊ အာဟာရက မပြည့်မီ၊ ဒီတော့ ကျန်းမာရေးက သိပ်မကောင်း၊ တခါ တလေ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခပါထည့်တွက်လိုက်ရင် ပိုဆိုးပါပြီ။ 

ဒီအပြင် ရေသောက်တာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာမပါသေးဘူးတဲ့။ အထူးသဖြင့် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းတို့ ရေချိုးဖို့ ဆပ်ပြာ၊ ခေါင်းလျှောက်ရည်အပါအ၀င် လိမ်းချယ်စရာတွေ ဖိုးတွေပါထည့်တွက် လိုက် ရင် တနေ့ လူ တယောက် အသုံး စာရိတ်က အနည်းဆုံး ငွေ ၅ ထောင်ကျပ်လောက်ကုန် ကျနေတာ ပါတဲ့။ 

လူတယောက်အတွက် ငွေ ၂ ထောင်နဲ့ ဘယ်လိုမှ ရပ်တည်လို့မရတာ ဒုသမ္မတကြီးက မသိတာကို ကျမတို့ အိမ် ထောင်ရှင်မတွေ အံသြမိပါတယ်တဲ့။ ဒီတော့ ဒု သမ္မတကြီး အခုလို ပြောလိုက်တာဟာ တကယ့် ကို ပြည်သူတွေရဲ့ ဘ၀နဲ့ အတော်ကင်းကွာနေတာကို ပြသ လိုက်တာပါဘဲ။ 

ပြုပြင်ပြောင်းလဲရေးအစိုးရလို့ ခေါ်ဝေါ်နေကြတဲ့ မြန်မာအစိုးရ ဒုသမ္မတကြီးအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲ 
ရေးကာလမှ အခြေခံ လူတန်းစားတွေ ဘယ်လို ရပ်တည်နေထိုင်ကြသလဲ ဆိုတဲ့ ဧရာဝတီက ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ရိုက်ကူး တင်ဆက်ထားတဲ့ မှတ်တမ်း ဗီဒီယိုတခုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 


                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar