ကော့သောင်းမြို့မှ မှုးယစ်ရမ်းကား တာဝန်ကျ
ရဲအရာရှိ
နေရာက=========(၇)မိုင်တောင်ပတ်လမ်းဆုံထိပ်
အချိန်==========ည(93း0)ခန့်
စီမံချက်ဆိုပြီးတော့
ဆိုင်ကယ်ဟွန်း-အိတ်ဇော-တာယာလေ-ဦးထုပ်-မောင်းလိုင်စင်-ဆိုင်ကယ်လိုင်စင် -မောင်းလိုင်စင်-ဆိုင်ကယ်အရှေ့မီး-စီကနယ်မီး-အစရှိသဖြင့်
အပြစ်မရှိအပြစ်ရှာ ဆင်းရဲသားနင်းပြားများအပေါ်
နိုင်လိုမင်းထက် အော်ဟစ် ဟိန်းဟောက် ခြိမ်းခြောက် ဆဲဆို မှုးယစ် ရမ်းကား လိုသလိုအနိုင်ကျင့်ဗိုလ်ကျ
တဲ့ လုပ်ရပ်တွေ ညအချိန်မတော်မှာ လိုင်စင်ရဓါးမြဆန်ဆန် နိုင်ငံခြားရုပ်ရှင်ကားထဲက ဂိုဏ်းစတားဆန်ဆန်
မင်းမဲ့ စရိုက်ဆန်ဆန်ပြုမှုဆောင်ရွှက်နေတာကို အထက်လူကြီးများ နှင့် ပြည်သူအများ သိစေရန်
တင်ပြလိုက်ရခြင်း ဖြစ်ပါသည်
ဖြစ်စဉ်မှာ ညကိုးနာရီခွဲခန့်အချိန်တွင် ဆိုင်ကယ်၊ ဘေးတွဲများ
ဆယ်စီးကျော်ခန့်ကို ဖမ်းဆီးပြီး တစ်စီးမှ အလွတ်မပေးဘဲ ရသလိုငွေညစ်တောင်းခံ နေသလို တောင်းခံသည့်ငွေမှာလည်း
(၁၀၀၀၀)ကျပ် ဖြစ်ကြောင်း အနီးနားတွင်နေထိုင်သူ
ပြည်သူတစ်ဦးထံမှကြားသိရပါသည် ဒါ့အပြင် ဖမ်းဆီးသူ အချင်းချင်း တာဝန်ချိန်တွင် မှုးယစ်ပြီးတော့
လက်ရှိဖမ်းခံထားရသူများအား ကြောက်ရွံ့ထိတ်လန့်စေရန်အလို့ငှါ သူတို့အချင်းချင်း ကော့သောင်းစကားဖြင့်ပြောရရင် တစ်ကောင်နှင့်တစ်ကောင်
အကောင်ကြီးကြီး အမြီးရှည်ရှည်နှင့် အကောင်သေးသေး အမွေးတိုတို အပါအ၀င် မထိုးရုံတမယ်
နိုင်ငံဝန်ထမ်းကောင်းများမပီသစွာ ဟန်ရေးပြ နေတဲ့အတွက် ဖမ်းဆီးခံပြည်သူများမှ စောဒက
မတက်ရဲတော့ဘဲ တောင်းသည့်ငွေကို မရှိရှာပေး စနစ်ဖြင့် ပေးဆပ်လိုက်ရပါကြောင်း ပြည်သူအများသိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar