အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 12 maj 2014

ဒီနေ့ ညနေ နှစ်နာရီခွဲခန့်က ကော့သောင်းအမြန်ယာဉ်မှာ


ထားဝယ်မှကော့သောင်းသို့ထွက်ခွာသည့်  ဦးကျောက်စိမ်း ပိုင် အမြန်ရေယာဉ် (၇၇)သည် အမျိုးသမီးကြီး
တစ်ယောက်ထံတွင် ငွေကျပ်ရှစ်သောင်းတောင်းခံပြီး အောင်ဘာအ၀တွင် ချပေးမည်ဟုပြောဆိုကာခေါ်  
လာပြီး  အောင်ဘာတွင်မချပေးဘဲ ဝေ့လည်လည်လုပ်နေသည့်အတွက် မိန်းမကြီးမှ ငိုယိုကာ သူ့တွင် ကော့
သောင်းမြို့တွင် အသိအကျွမ်းလည်းမရှိကြောင်း သားဖြစ်သူထံလာရာ ငွေလည်း အကုန်ပေးပြီးဖြစ်ကြောင်း 
အမြန်ယာဉ်မှ တာဝန်ရှိသူသည် မသိယောင်ဆောင်နေကြောင်း မြို့မတံတား ဆိပ် ရဲကင်းတွင် ငိုယိုအကူညီ တောင်းခံနေသည်ကို ရဲများကလည်း မသိကျိုးကျွံပြုနေကြောင်းကြားသိရပါသည် 
    ထိုကဲ့သို့ ခရီးသည်များအား အနိုင်ကျင့် ဗိုလ်ကျနေသော အမြန်ယာဉ်များအား ထိရောက်စွာအရေးယူပေးနိုင်ပါရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

                                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar